နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင် ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည် ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

2012-09-20
Share
parliament-building-b305 နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အဆောက်အဦး
Photo: Pyithu Hluttaw

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဉာဏစိုးက အခုလို ပြောပါတယ်။

"သမ္မတကြီး အခုပြန်ပို့တဲ့ ပြင်ဆင်ချက်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် သင့်တော်တဲ့ အချက်တွေဆိုရင် ကျွန်တော်တို့ လွှတ်တော်ကလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ အခုက လွှတ်တော် ကျင်းပနေတဲ့အချိန် မဟုတ်သေးတဲ့ အခါကျတော့ ကျင်းပတဲ့ အောက်တိုဘာ ဒုတိယပတ်လောက်ကျမှပဲ ဘယ်အချက်တွေဆိုတာ ကျွန်တော်တို့ သိရှိရမှာပါ"

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုပေးဖို့ ပေးပို့ခဲ့ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အခုမူကြမ်းဟာ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့လည်း ထောက်ပြတယ်လို့ အေပီသတင်းက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့