မြန်မာ့ငါးတင်ပို့မှု ဆော်ဒီအာရေဗျ ယာယီရပ်ဆိုင်း


2018.02.20
fishing-boat-622 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ငါးဖမ်းလှေတချို့ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မြန်မာနိုင်ငံက တင်ပို့နေတဲ့ ငါးတွေကို ဆော်ဒီအာရေဗျနိုင်ငံက ယာယီရပ်ဆိုင်းထားတယ်လို့ မြန်မာ့ ငါးလုပ်ငန်း အဖွဲ့ချုပ်ကပြောကြောင်း မြန်မာတိုင်းမ်စ် သတင်းစာက ဖေါ်ပြပါတယ်။

ဆော်ဒီနိုင်ငံရဲ့ စားသောက်ကုန်နဲ့ ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့ FDA က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ နဲ့ ဗီယက်နမ်နိုင်ငံတွေက ရေထွက်ကုန်တွေကို တင်သွင်းမှု ယာယီ ရပ်ဆိုင်းလိုက်တာပါ။ ပြီးခဲ့တဲ့လအတွင်း ဆော်ဒီ FDA က ဗီယက်နမ်ရဲ့ ရေထွက်ကုန်တွေကို အထူးပစ်မှတ်ထားစစ်ဆေးခဲ့ရာမှာ ဗီယက်နမ် ရေထွက်ကုန်လုပ်ငန်း ၉ ခု ရဲ့ ကုန်ပစ္စည်းတွေကသာ ကျန်းမာရေး စံချိန်စံညွှန်းနဲ့ကိုက်ညီတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗီယက်နမ် မှာ ပြဿနာရှိတာနဲ့ ကျန်တဲ့နိုင်ငံတွေ ဘာကြောင့်ရပ်ဆိုင်းခံရသလဲဆိုတာ မြန်မာ့ ရေထွက် ပစ္စည်းတင်ပို့သူတွေနဲ့ မြန်မာ့ရေထွက်ကုန်ဌာနက မေးခွန်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်တွေ နှစ်စဉ် တန်ချိန် ၆ သောင်းဝန်းကျင် ပြည်ပတင်ပို့နေရာမှာ ဆော်ဒီအာရေဗျနိုင်ငံ က တန်ချိန် ၂ သောင်း ဝယ်ယူနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။