မွေးရေဝန်ကြီးဌာနထံ ငွေပြန်မဆပ်သူ လုပ်ငန်းရှင် ၁၀ ဦးကို တရားစွဲဆို

2015-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနကို အကြွေးပေးချေဖို့အများဆုံးကျန်နေတဲ့ လုပ်ငန်းရှင် ၁၀ ဦးရဲ့အမည်တွေ ကို နိုင်ငံပိုင်သတင်းစာမှာ ဒီနေ့ထုတ်ပြန် ကြေညာ လိုက်ပြီး ကြွေးပေးချေဖို့ကျန်နေတဲ့ လုပ်ငန်းရှင်တွေကို အများနဲ့ သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃)နဲ့ အမှုဖွင့်တရားစွဲဆိုထား တယ်လို့ အဲဒီသတင်းမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မွေးရေးကျေးလက်ဝန်ကြီးဌာန ရဲ့ ကြွေးကျန် တွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို မနေ့ကကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယဝန်ကြီး ဦးတင်ငွေက လာရောက်ရှင်းပြခဲ့တာ လို့ မေးခွန်းမေးခဲ့သူ လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောပါတယ်။

"ဒီမွေးမြူရေးရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနက နိုင်ငံတော်ကို ကြွေးကျန် အများဆုံးလို့ ကျမဖော်ပြလိုက် တယ်၊ သူက အများဆုံးမဟုတ်ပါဘူး၊ ဒုတိယ အများဆုံးပါလို့ပြောတယ်ရှင့်၊ ကျမကိုပြန်ရှင်းတာကျတော့ ပြည်ထောင် စုလွှတ်တော်မှာ သူတို့ ဘာကြောင့်ကြွေးကျန်တွေများနေရပါတယ်ဆိုတဲ့ ကိစ္စမျိုးကိုရှင်းပြ သွားတာရှိပါ တယ်၊ မွေးမြူရေးအစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းတွေမှာဆိုရင် ငါးစာတွေကို လုပ်ငန်းရှင်တွေကနေ အပြည့်အဝ မရရှိသေးတဲ့ ကြွေးကျန်တွေဖြစ်နေတာပေါ့နော်၊ သူကတော့ ကျမတို့ကို စာရင်း၊ ဇယားတွေနဲ့ ရှင်းပြသွားတာရှိပါ တယ်"

မွေးမြူရေး၊ရေလုပ်ငန်းနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ကို ငွေကျပ်သန်းပေါင်း သုံးသောင်းကျော် ပေးသွင်းဖို့ကျန်ရှိနေတာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေဆီကတဆင့် အကြွေးရဖို့ကျန်တာကြောင့် ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ကို အကြွေးပေးဆပ်ဖို့ကျန်နေ တာဖြစ်ပါတယ်။

ဒီနေ့မွေးရေကျေးလက်ဝန်ကြီးဌာနက အကြွေးပေးဖို့ကျန်ရှိတဲ့ လုပ်ငန်းရှင် ၁၀ ဦးကို ကြေညာရာမှာ သုံးပွင့်ဆိုင်ကုမ္ပဏီ က ဦးမင်းသိမ်း၊ ဖြိုးဧရာကုမ္ပဏီက ဦးသုတရွှေ၊ ဦးလှမြင့်အောင်ဆိုသူတွေ ပါဝင်ပါတယ်။

ဒါ့အပြင်၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်နောက်ပိုင်း ခြောက်လနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အရှေ့ပိုင်းခြောက်လ အသုံးစာရိတ် ရှင်းတမ်းတွေအရ နိုင်ငံတော် ကို ပေးသွင်းဖို့ကြွေးကျန်အများဆုံးဌာနက ဘဏ္ဍာရေးဝန်ကြီးဌာနလို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့