ခန္တီးရဲစခန်းအချုပ်ကနေ ထွက်ပြေးခဲ့သူတွေထဲက ငါးဦး ပြန်လည်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

2022.10.19
ခန္တီးရဲစခန်းအချုပ်ကနေ ထွက်ပြေးခဲ့သူတွေထဲက ငါးဦး ပြန်လည်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး (စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တစ်နေရာကို မြင်တွေ့ရစဉ်။)
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြို့မရဲစခန်းအချုပ်ကနေ အောက်တိုဘာလ ၁၇ ရက်နေ့က ထွက်ပြေးသွားသူ ၁၄ ဦးထဲက ငါးဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးမိပြီး ဖမ်းဆီးခံရသူတွေထဲက အသက် ၂၅ နှစ်အရွယ် ကိုအားပုံဆိုသူဟာ ၁၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"အချုပ်မှာ စစ်ဆေးနေတုန်း ဆုံးသွားတာပဲ။ ရဲဘက်ကတော့အဖျားကြောင့် ဆုံးတယ်ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး။" လို့ ခန္တီးမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

အချုပ်ခန်းကနေ ထွက်ပြေးသွားသူ ၁၄ ဦးထဲက သေဆုံးသူ ကိုအားပုံအပြင် ၊ ဦးသီဟဇော်၊ ဦးနေလင်းအောင်၊ ဦးဘရန်မိုင်၊ ဦးဒန်လီအောင် တို့ပြန်လည်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ထွက်ပြေးစဉ်က ၇.၆၂ ကျည် နှစ်တောင့်ထည့်ထားတဲ့ BA 63 သေနတ် တစ်လက်ပါသွားတယ်လို့ ခန္တီးရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။


အချုပ်သားတွေ ထွက်ပြေးသွားတာကြောင့် ခန္တီးမြို့မှာ လုံခြုံရေးကို တင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်း တာတွေ ဆောင်ရွက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။