ဧရာဝတီနဲ့ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထိရောက်မည်

2018-07-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရေနစ်မြုပ်နေတဲ့ လယ်တချို့ကို တွေ့ရစဉ်
ရေနစ်မြုပ်နေတဲ့ လယ်တချို့ကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီမြစ်ရေဟာ ဟင်္သာတနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးဘက်မှာ နောက်လာမယ့် ၃ ရက်အတွင်း စိုးရိမ်ရေမှတ် ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမြစ်ရေ စီးဆင်းတဲ့လမ်းကြောင်းမှာ ဆည်တွေရှိတာကြောင့် ဆည်တွေကနေ ရေတွေကို ထိန်းနိုင်မယ်ဆို ရင်တော့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်မှာမဟုတ်ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်အောက် တစ်ပေလောက်မှာရောက်နေတယ်။ နောက် ၂ ရက်လောက်နေ ရင် စိုးရိမ်ရေမှတ်ရောက်နိုင်တယ်။ ပဲခူးမြစ်ကျတော့ ဆည်တွေရှိတယ်။ ဆည်တွေကနေပြီးတော့ control (ထိန်းချုပ်) လိုက်ရင်တော့ စိုးရိမ်ရေမှတ်ကို ရောက်ချင်မှ ရောက်သွားမယ်။ မနေ့တုန်းက ရွာထားတဲ့ မိုးရေအနေထားအရ ဆိုရင်တော့ ဇောင်းတူတို့ဘာတို့မှာလည်း နေရာကွက်ပြီး မိုးကြီးထားတဲ့ အနေထားရှိတယ်ပေါ့။ ဇောင်းတူမှာ ဆိုရင် ဒီနေ့မှာ ရေတက်လာတဲ့အနေထားဆိုရင် ၈၂ စင်တီမီတာလောက် တက်လာတယ်ပေါ့နော်။ တက်လာ တဲ့ရေဟာ ပုံမှန်အတိုင်းဆိုရင် ၁၈ နာရီကြာရင် ပဲခူးကိုရောက်တယ်ပေါ့နော်"

မြန်မာနိုင်ငံအထက်ပိုင်းမှာ ရွာသွန်းခဲ့တဲ့ မိုးရေတွေဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စီးဆင်းလာပြီး ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေနဲ့  ပဲခူးမြစ်ရေဟာ လက်ရှိအချိန်မှာ စိုးရိမ်ရေမှတ်အောက် ၁ ပေလောက်အကွာမှာ ရောက်ရှိနေပြီ လို့လည်း ပြောပါတယ်။

လက်ရှိအချိန်မှာ မုတ်သုံလေအားကောင်းနေပြီး နောက်ထပ် ၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့