အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
2011.09.27
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂ဝ၁၁ ခုနှစ် မေလ ၆ ရက်နေ့က ကျင်းပသည့် အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မစမီ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲအစွန်) နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario (ဝဲမှ ဒုတိယ) တို့ကို စင်္ကာပူနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး တို့နှင့်အတူ တွေ့ရစဉ်။ (Photo: AFP)
AFP
အဲဒီ လွှတ်ဖို့ ရှိတယ်ဆိုတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါ-မပါ ဆိုတာတော့ ထည့်ပြောမသွားပါဘူး။
ဦးသိန်းစိန် အာဏာရလာပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းလောက်ကို လွှတ်ပေးနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေနဲ့အညီ သမ္မတ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို မကြာခင်
ကာလအတွင်း သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။
ဒါ့အပြင် သူက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း သဘောတူညီချက်တွေ ရရှိခဲ့တယ်၊ မကြာသေးခင်ကဘဲ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။
အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေနဲ့ ပတ်သက်လို့တော့ ဦးဝဏ္ဏမောင်လွင်က မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘ၀ တိုးတက် ကောင်းမွန်လာဖို့ ဆောင်ရွက်နေချိန်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေဟာ အနှောင့်အယှက်
အဟန့်အတား ဖြစ်စေတယ်လို့ အထွေထွေညီလာခံမှာ ပြောဆိုသွားပါတယ်။
ဒီအကြောင်း အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားတာနားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









