နိုင်ငံကူးလက်မှတ် ကိစ္စကြောင့် ရှေ့နေနှစ်ဦး ပြည်ပ ခရီးစဉ်ပျက်

2015-03-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ်
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA

နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့် အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပခရီးစဉ်တွေ ပျက်ပြားသွား ရကြောင်း သိရပါတယ်။

ဗဟိုတရားရုံးရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ နိုင်ငံကူး လက်မှတ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲသတင်းတပ်ဖွဲ့ က ပြန်ထုတ်ပေးလိုက်ပေမဲ့၊ မန္တလေးက မြန်မာ နိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦး ကိုတော့ ပြန်ထုတ်မပေးသေးဘူးလို့ ဦးရောဘတ် စန်းအောင်က မနေ့က ပြောကြားပါတယ်။

"RFA သတင်းဌာနကနေ ၁၉ ရက်နေ့ သတင်းပါ လာပြီးတဲ့အခါကျတော့ ၂၀ ရက်နေ့ နေ့လယ်မှာ ကျနော့်ကို ဖုန်းနဲ့ခေါ်တယ်၊ ပတ်စ်ပို့ဌာနက၊ ရဲ သတင်းတပ်ဖွဲ့ကပေါ့၊ အဲဒါ သွားတဲ့အခါကျတော့ ပတ်စ်ပို့ရပြီဆိုတဲ့အကြောင်း ပြောပြီးတော့ ထုတ်ပေးလိုက်ပါ တယ်၊ ကိုသိန်းသန်းဦးကတော့ အခုထိရတယ် လို့တော့ မကြားသေးပါဘူး"

ဦးသိန်းသန်းဦးနဲ့ ဦးရောဘတ်စန်းအောင်တို့ နှစ်ဦးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမှုတွေမှာ လိုက်ပါဆောင် ရွက်ပေးတဲ့ ရှေ့နေတွေ ဖြစ်ကြပါတယ်။

အခု နိုင်ငံကူးလက်မှတ် ပြန်ရပေမဲ့ စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ ပျက်သွားပြီလို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"၂ ယောက်စလုံး ခရီးစဉ်ပျက်သွားတယ်၊ ပတ်စ်ပို့တစ်ခုကို သတ်မှတ်တဲ့ရက်မှာ ထုတ်ပေးရမယ့်ဟာကို ပျက်ကွက်တယ်ဆိုတာတော့ မကောင်းဘူးပေါ့၊ ကျနော့် ခရီးစဉ်တွေပျက်သွားတယ်၊ ၂၀ ရက်နေ့ ထိုင်းသွားရမယ့် ခရီးစဉ်ပျက်တယ်၊ သြင်္ကန်တွင်းကာလ သြစတြေးလျကို သွားရမယ့် ခရီးစဉ်ပျက်တယ်"

ရှေ့နေ ဦးသိန်းသန်းဦးဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာကို ဇန်နဝါရီလကတည်းက တင်ထားခဲ့ပြီး၊ ရက်ချိန်းပေးထားတဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ သွားရောက်ထုတ်ယူတဲ့အခါ ပြန်မရတော့ဘူးလို့ သိရပါတယ်။

ကွန်မင့်များ (4)
Share

Myo Chit Myanmar

နေရပ်- Myanmar

မင်းတို့ဘာပဲ လုပ်နေနေ ငါတို့မှာ မင်းတို့ကို ဥပဒေ လက်တစ်လုံးခြား နှိပ်စက် လို့ ရတဲ့ အကွက်တွေ အများကြီး ရှိတယ် ဆိုတာ ပညာပေးလိုက်တာပေါ့။

Mar 24, 2015 08:26 PM

ေစတနာ လား

နေရပ်- ေ၀ဒနာ လား

ခင်ဗျားတို့တတွေ လေယာဉ်လက်မှတ်ခ ကုန်မှာ စိုးလို့ပါ။

Mar 24, 2015 02:27 PM

Myo Chit

နေရပ်- Myanmar

အထက်ကလူရဲ့ " ဂျပိုး ကလေ က ချေ စွမ်းအားရှင် လူလိမ်လူ မိုက် အာဏာ၇ှင်များရဲ့ လုပ်နေကျ အကျင့်စရိုက်" ဆိုတဲ့ မှတ်ချက်ဟာ အလွန် မှန်ကန်ပါတယ်။

Mar 23, 2015 08:03 PM

အမည်မဖော်လိုသူ

လူ့အခွင့် အရေးရှေ့နေနှစ်ဦး ဖြစ့်နေလို
လူ့အခွင့်အရေးချိုးဖောက်ခံရ ဖြစ်ကြပါတယ်။
ဂျပိုး ကလေ က ချေ စွမ်းအားရှင် လူလိမ်လူ မိုက် အာဏာ၇ှင်များရဲ့ လုပ်နေကျ အကျင့်စရိုက်ပါ

Mar 23, 2015 02:07 AM

ဆိုက်တခုလုံးသို့