အကြမ်းဖက်မှုများအတွက် စစ်တပ်ကို Fortify Rights ပြစ်တင်ရှုတ်ချ

2018-07-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Fortify Rights လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ မျက်နှာဖုံးပုံ။
Fortify Rights လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ မျက်နှာဖုံးပုံ။
Photo: RFA

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ပြင်ဆင်ပြီး သုတ်သင်ခဲ့တာ ဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ စာတမ်းတစောင် ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြေညာချက်ထုတ်ပြန်ပွဲ ကျင်းပခဲ့တာပါ။

အဲဒီ သြဂုတ်လဖြစ်ရပ်နဲ့ ပတ်သက်ပြီး “မျိုးနွယ်စုရှင်းလင်းမှု” (Ethnic Cleansing) အဖြစ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က သတ်မှတ်ခဲ့ကြပေမဲ့ မြန်မာစစ်တပ်ကတော့ ARSA ခေါ် မွတ်စလင်အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်တာဖြစ်ကြောင်း ပြောပါတယ်။

Fortify Rights အဖွဲ့ကလည်း အခုထုတ်ပြန်ချက်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မွတ်စလင်ဒုက္ခသည်တွေနဲ့ ဆိုင်ရာအာဏာပိုင်တွေ စုစုပေါင်း ရာဂဏန်းရှိတဲ့ လူပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းပြီး၊ လပေါင်းများစွာ သုတေသနပြု ဆောင်ရွက်ခဲ့တာတွေအပေါ် အခြေခံပြီး ထုတ်ပြန်တာဖြစ်ကြောင်း ပြောပါတယ်။

မေးမြန်းချက်တွေအရ... မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခေါ် မွတ်စလင် မဟုတ်သူတွေကို တိုက်ခိုက်ရေးသင်တန်းတွေ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ARSA အဖွဲ့အပေါ် စစ်တပ်က တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မတိုင်မီ သီတင်းပတ်ပေါင်း များစွာကတည်းက စစ်ဆင်ရေး အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ခဲ့ရာမှာ မွတ်စလင်ရွာတွေမှာ ဓားလှံလက်နက်တွေ သိမ်းယူ၊ ရွာခြံစည်းရိုးတွေကို ဖျက်ဆီး ဖယ်ရှားခဲ့ပြီး ခုခံမှုအားနည်းအောင် အရင်ဆုံး ပြင်ဆင်ခဲ့ကြောင်း Fortify Rights အဖွဲ့ ပူးတွဲတည်ထောင်သူ Matthew Smith က ပြောပါတယ်။

ဒါ့ပြင် မွတ်စလင်စစ်သွေးကြွတွေက မွတ်စလင်အရပ်သားတွေကို အစိုးရသတင်းပေးတွေအဖြစ် စွတ်စွဲသတ်ဖြတ်ခဲ့တာကိုလည်း အစိရင်ခံစာမှာ ပြစ်တင်ရှုတ်ချထားပါတယ်။

ဒီအစီရင်ခံစာ ထွက်လာတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ဘူးလို့လည်း AFP သတင်းက ဖော်ပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့