ပျောက်ဆုံးနေသူ ၄ ဦးကို ရှာမတွေ့

2018-06-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗာန် နစ်မြုပ်ပြီး  လူ၎ ဦး ပျောက်ဆုံးနေတာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၃ ရက်ညက ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေစဉ်
ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗာန် နစ်မြုပ်ပြီး လူ၎ ဦး ပျောက်ဆုံးနေတာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၃ ရက်ညက ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေစဉ်
Photo: Yangon Police - facebook

ရန်ကုန်မြစ်အတွင်းမှာ မနေ့ညပိုင်း သမ္ဗန်တစ်စီးနစ်မြုပ်ရာမှာ ပျောက်ဆုံနေတဲ့ လူ ၄ ဦးကို ဒီနေ့ ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သမ္ဗန်ပေါ်ပါလာတဲ့ ၁၂ ယောက်အနက်က ၈ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ၄ ယောက်ကတော့ ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးဆောင်ရွက်ရာမှာပါဝင်တဲ့ ဒလမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးကျော်မျိုးက ပြောပါတယ်။

"အလုပ်သမားတွေပြန်တဲ့အချိန်ဆိုတော့ ကိုယ့်အိမ်ပြန်တဲ့အချိန်ဆိုတော့ ရန်ကုန်ကနေ အိမ်ပြန်တဲ့အချိန် သမ္ဗန်စီးလာရင်းနဲ့ ရန်ကုန်ဘက်အခြမ်းကနေ စအထွက်ပေါ့၊ စအထွက်ကမ်းအကျော်လေး ဘောတွေ အကျော်လေးမှာ စက်ပျက်ပြီးတော့ မျောတယ်ပေါ့၊ မျောရာကနေ ရေစီးမနိုင်တဲ့အခါကျတော့ အဲလိုဖြစ်သွား တယ်ပေါ့၊ ဖြစ်တဲ့ညတွင်းချင်းမှာပဲ ဘေးကသင်္ဘောတွေ လှေတွေကနေ ဝိုင်းကူတဲ့အတွက် ၈ ယောက်တော့ပြန် ရတယ်၊ လေးယောက်ကတော့ ပျောက်ဆုံးပေါ့၊ အခု သမ္ဗန်မြုပ်တဲ့ဆိပ်ကမ်းပိုင်က လူတွေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"

သမ္ဗန်နစ်မြုပ်တဲ့ မနေ့ညကစပြီး ဒီနေ့အထိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ သမ္ဗန်မြုပ်သွားတဲ့ ကမာကသွယ် သမ္ဗန်ဆိပ်ကမ်းအဖွဲ့က  ၇ ယောက် စုစုပေါင်း ၁၉ ဦးနဲ့ ပျောက်ဆုံးနေတဲ့ ခရီးသည် လေးယောက်ကို ဆက်ပြီး ရှာဖွေနေတယ်လို့ ကိုကျော်မျိုးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်နိုင်ခဲ့တဲ့ ၈ ယောက်ထဲက ၃ ယောက်ကတော့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် ဟုမ္မလင်းမြို့ဆိပ်ကမ်းမှာလည်း စက်လှေတစ်စင်း စက်ပျက်ကာ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး စက်လှေပေါ်မှာပါတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဆိုက်တခုလုံးသို့