သံတွဲက ဆန္ဒပြလို့ ဖမ်းဆီးခံထားရသူ လေးဦး မိသားစု၊ ရှေ့နေနဲ့ တွေ့ခွင့်မရသေး

2021.03.08
သံတွဲက ဆန္ဒပြလို့ ဖမ်းဆီးခံထားရသူ လေးဦး မိသားစု၊ ရှေ့နေနဲ့ တွေ့ခွင့်မရသေး ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်အာဏာရှင်အစိုးရ အလိုမရှိ​ကြောင်း ဖေဖော်ဝါရီ ၉ရက်နေ့က ဆန္ဒပြကြစဉ်
-

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရသူ လေးဦးလုံးကို အခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးတရားစွဲ ခံထားရသူတွေဟာ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်၊ မမြမြဝင်းနဲ့ ကိုအောင်ခိုင်မြင့်တို့ဖြစ်ပါတယ်။

သူတို့ဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လူထုဆန္ဒပြပွဲမှာ ပါဝင်ရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲခံထားရတာပါ။

အခုလက်ရှိ သူတို့ကိုရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရက်ပေါင်း၂၀အကြာ အခုအချိန်ထိ တွေ့ခွင့်မရသေး တာကြောင့် တစ်ခုခုဖြစ်နေမှာကို စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးညွန့်မောင်ကလည်း အမှုသည်တွေနဲ့ အခုအချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ ပြောပါတယ်။

သူတို့ လေးဦးကို ပြီးခဲ့တဲ့ မတ်လ၁ ရက်နေ့မှာ သံတွဲမြို့နယ်တရားရုံးမှာ ဗွီဒီယိုအွန်လိုင်း စနစ်နဲ့ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပြီး နောက်လာမယ့် မတ်လ ၁၈ ရက်နေ့ကို ရုံးချိန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။