DVB သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုကြ

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာနအတွက် မြန်မာပြည်တွင်းမှာ တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီး အကျဉ်းကျ ခံနေရတဲ့ သတင်းထောက် (၁၇) ဦး လွတ်မြောက်ရေးအတွက် FREE BURMA VJ အဖွဲ့က နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာအစိုးရ သံရုံးတွေရှေ့မှာ ဒီကနေ့ တောင်းဆို ဆန္ဒပြကြ ပါတယ်။
2011-09-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
DVB သတင်းဌာနအတွက် မြန်မာပြည်တွင်းမှာ တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီး အကျဉ်းကျ ခံနေရတဲ့ သတင်းထောက် (၁၇) ဦး လွတ်မြောက်ရေးအတွက် FREE BURMA VJ အဖွဲ့ကဦးဆောင်သည့် ဆန္ဒပြပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအစိုးရ သံရုံးတွေရှေ့မှာ တောင်းဆို ဆန္ဒပြကြသည့် မြင်ကွင်း ဖြစ်ပါသည်။
DVB သတင်းဌာနအတွက် မြန်မာပြည်တွင်းမှာ တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီး အကျဉ်းကျ ခံနေရတဲ့ သတင်းထောက် (၁၇) ဦး လွတ်မြောက်ရေးအတွက် FREE BURMA VJ အဖွဲ့ကဦးဆောင်သည့် ဆန္ဒပြပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအစိုးရ သံရုံးတွေရှေ့မှာ တောင်းဆို ဆန္ဒပြကြသည့် မြင်ကွင်း ဖြစ်ပါသည်။
free burma vj

ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာနက ဖွဲ့စည်းခဲ့ထားတဲ့ အဲဒီ FREE BURMA VJ အဖွဲ့ကနေ ပြင်သစ်၊ လန်ဒန်၊ ဂျီနီဗာနဲ့ ဘန်ကောက်မြို့တွေက မြန်မာအစိုးရ သံရုံးတွေရဲ့ရှေ့မှာ ဆန္ဒပြ နေကြတာ ဖြစ်ပါ တယ်။

သူတို့ရဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ DVB သတင်းဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် ကပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ DVB သတင်းထောက် ၁၇ ယောက်ဟာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေပါတယ်။ အဲဒီအထဲက လူသိများတဲ့ DVB ၀န်ထမ်း ၅ ယောက်ရဲ့ အမည်တွေကို ကြေညာ ပေးထာပါတယ်။ အဓိကကတော့ DVB သတင်းဌာနက ဖွဲ့စည်းခဲ့ထားတဲ့ FREE BURMA VJ အဖွဲ့ကနေ DVB ကို ကိုယ်စားပြု လှုပ်ရှားတဲ့ နိုင်ငံတကာ လှုပ်ရှားမှု တခု ဖြစ်ပါတယ်”

ဒါအပြင် FREE BURMA VJ အဖွဲ့ကနေ သူတို့ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀န်း အထူးသဖြင့် ကုလသမဂ္ဂ နဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ တောင်းဆိုနေပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလည်မှုတွေ လုပ်ဆောင်မယ်လို့ ကတိတွေပေးထား တဲ့အတွက် အဲဒီအပေါ်မှာ မူတည်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းကနေ ဒီဗွီဘီ သတင်းထောက်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့လည်း Free Burma VJ အဖွဲ့က တောင်းဆို ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့