၈၈ ကျောင်းသားခေါင်းဆောင်များ အမြန်ဆုံး လွတ်မြောက်ရေး မိသားစုတွေ ကြိုးပမ်း

ကိုမင်းကိုနိုင် အပါအဝင် ထောင်ဒဏ် ၆၅ နှစ်ကျော် အသီးသီး ချမှတ်ခံထားရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် (၉) ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး တရား လွှတ်တော်ချုပ်နဲ့ အစိုးရသစ်ဆီကို စာတင်ဖို့ မိသားစုဝင်တွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2011-08-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၈၈ မျိုးဆက် ကျောင်းသာ းခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)
၈၈ မျိုးဆက် ကျောင်းသာ းခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)
AFP

အရင် စစ်အစိုးရ လက်ထက် ကျောင်းသားခေါင်းဆောင်တွေကို ပြစ်ဒဏ် ချမှတ်ခဲ့တာတွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် အခုလို စာတင်ရတာ ဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ လာမယ့် သတင်းပတ်အတွင်း စာတင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း ရန်ကုန်မြို့က ဥပဒေအကျိူးဆောင် ဦးအောင်သိန်းကလည်း ပြောပါတယ်။

အစိုးရသစ်အနေနဲ့ ဒီတောင်းဆိုချက်ကို အလေးအနက်ထား မတုံ့ပြန်ဘူးဆိုရင် ၈၈မျိူးဆက် ကျောင်းသားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှား သူတွေကို အာဃာတ တရားနဲ့ ဆက်ပြီး ထိန်းသိမ်း ထားတယ်ဆိုတာ သက်သေ ပြလိုက်တာပဲလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေ ကိုယ်တိုင်ကနေပြီးတော့ သူတို့ရဲ့ သားသမီးတွေ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းပြီး ကြိုးစားကြတာ အင်မတန်မှကိုပဲ ကောင်းပါတယ်။ နောက်တခုက အဲသလိုမျိုး ကြိုးစားကြတယ် ဆိုရာမှာ ဥပဒေကြောင်းအရ ကြိုးစာကြတာတွေ ရှိတယ်။ ဆုတောင်းပွဲတွေ လုပ်နေတာတွေ ရှိတယ်။ အဲဒါမျိုးတွေက အင်မတန်မှကို သင့်တော်တယ်။ ဒါတွေကို တခြား သူတွေလည်း ပူးပေါင်းပြီး လုပ်ဆောင်မယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ အဖြေရလာနိုင်ပါတယ်”

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် (၉) ဦးဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် သြဂုတ်လမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ် ၆ လစီ ချမှတ် ခံခဲ့ရပါတယ်။ သူတို့ကို တရားစီရင်ချက် ချမှတ်ချိန်မှာ မိသားစုဝင်တွေ တက်ရောက်ခွင့် မရသလို အကျိုးဆောင် ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့