ဖွံ့ဖြိုးဒေသ အခွန်ကင်းလွတ်ခွင့် ကြေညာ

2017-03-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဖွံ့ဖြိုးမှုနည်းပါးတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ရင် အခွန်ကင်းလွတ်ခွင့် လျော့ပေါ့ခွင့်များ ပေးဖို့ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နယ်မြေဇုံများသတ်မှတ်တဲ့ ကြေညာချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ ဇုံ ၃ ခုသတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေကို ဇုံ ၁၊ သတ်မှတ်ထားပြီး အဲဒီဇုံထက် ဖွံ့ဖြိုးမှုပိုတဲ့နေရာများကို ဇုံ ၂ နဲ့ ဇုံ ၃ စသဖြင့် သတ်မှတ်ထားပါတယ်။ ကြေညာချက်မှာ ဇုံ ၁ ဒေသမှာ ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် ၇ နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး၊ ဇုံ ၂ မှာ ၅ နှစ်နဲ့ ဇုံ ၃ မှာ ၃ နှစ်ဆက်တိုက် အသီးသီးကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

အခုထုတ်ပြန်မယ့် ရင်းနှီးမြုပ်နှံမူ ဥပဒေအသစ်ဟာ အခုလအတွင်းအပြီးသတ်ပြီး ထုတ်ပြန်မှာဖြစ်ပြီး ဧပြီလ ဘတ်ဂျက်နှစ်သစ်မှာ စတင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့