သံတွဲပဋိပက္ခအတွင်း တရားစွဲခံထားရသူတွေကို အမှုကနေလွှတ်ပေး


2014-02-11
Share
thandwe-riot-305.jpg သံတွဲပဋိပက္ခအတွင်း မီးရှို့ခံရသောအိမ်ကို အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ  ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားစွဲခံရပြီး အာမခံနဲ့ နေထိုင်နေတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးကို သံတွဲမြို့နယ်တရားရုံးက ဒီကနေ့ အမှုကနေ အပြီးပြတ် လွှတ်ပေးလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။

“တရားခံ ၇ ဦးကို အမှုကနေ အပြီးပြတ် လွှတ်တယ်ဆိုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်ပါတယ်၊ အခုစွဲဆိုတာက မှားယွင်းမှုဖြစ်တယ်လို့ သတ်မှတ်ပါတယ်”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၆ ဝတ္တရားနှောင့်ယှက်မှု၊ ၅၀၅ (ဂ) ဆူပူအောင်လှုံ့ဆော်မှု စတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ရက်နေ့က  သံတွဲမြို့နယ် သဗြုချိုင်နဲ့  ပေါက်တောကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေကြောင့် နေအိမ်အလုံး ၁၀၀ကျော် ဆုံးရံှုးးခဲ့ပြီး သေဆုံးသူ ၅ဦး ရှိတယ်လို့ အစိုးရကထုတ်ပြန်ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့