တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား
2011.05.25
မျိုးဆက်သစ် လူငယ်အဖွဲ့မှ ထင်ရှားသော အဖွဲ့ဝင်များ ဖြစ်သည့် ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်း (ဝဲ)နှင့် ကိုဇေယျာသော် (ယာ) တို့ ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ဖမ်းဆီး ထောင်ချခြင်း မခံရမီ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









