ငြိမ်းစုစီဥပဒေပြင်ဆင်ချက် ဖျက်သိမ်းဖို့ အာဆီယံအမတ်အဖွဲ့ တိုက်တွန်း

2018-03-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ငြိမ်းစုစီဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြစဉ်
ငြိမ်းစုစီဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Htet Arkar/RFA

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို ဖျက်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မြန်မာအစိုးရကို ဒီနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီဥပဒေကြောင့် လွတ်လပ်စွာစုဝေးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုပြီးထိန်းချုပ်လိုက်ရာရောက်သလို၊ ဒီမိုကရေစီကိုသွားနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လမ်းမှားပေါ် ရောက်သွားတယ်လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပထမဆုံးအရပ်သားအစိုးရလက်ထက်မှာ ဒီလိုဖြစ်လာတာကို အထူးစိတ်မကောင်းဖြစ်ရတယ်လို့လဲ APHR အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ပိုရလာမလားလို့ မျှော်လင့်ခဲ့ပေမယ့် နောက်ပြန်သွားနေတာပဲ တွေ့ရတယ်လို့လည်း APHR အဖွဲ့ဝင် ဖိလစ်ပိုင်အမတ် Teddy Baguilat က ဝေဖန်လိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့