မုံရွာမှာ ဓါတ်ပုံသတင်းထောက် ဖမ်းဆီးခံရ


2015.02.27
aung-nay-myo-305 မုံရွာမြို့က အလွတ်ဓါတ်ပုံသတင်းထောက် ကိုအောင်နေမျိုး ကိုတွေ့ရစဉ်
Photo: Aung Nay Myo (facebook)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အလွတ်ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဒီနေ့မနက် ၂ နာရီလောက်က ကိုအောင်နေမျိုးရဲ့ နေအိမ်မှာ ရှာဖွေခဲ့ပြီး ကိုအောင်နေမျိုးကို ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ မိသားစုက မုံရွာမြို့နယ် ရဲစခန်းမှာသွားရောက်စုံစမ်းရာမှာတော့ ပုဒ်မ ၅ဝ၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦး က ပြောပါတယ်။

"မူးယစ်ဆေးနဲ့ဟုတ်တာ အခုကတော့ ဘာမှမတွေ့ဘူးပေါ့ဘူးပေါ့နော်၊ သူ့ဆိုင်မှာရော ဘာမှမတွေ့ဘူးပေါ့နော်၊ ဒါပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဘာညာနဲ့ပေါ့နော်၊ အဲ့ဒါလည်း စရဖက တရားလိုလုပ်ပြီးတော့ စွဲထားတဲ့ အတွက်ကြောင်မို့ ကျနော်တို့ကလည်း လုပ်ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောတယ်၊ ဒါပေမဲ့ သူကအထက်ကို တင်ပြမယ်ဆိုပြီးပြောတယ်၊ အထက်ကိုတင်ပြပြီးတာနဲ့ ချက်ချင်းပေးတွေ့ပါ့မယ်ဆိုပြီး အစ်မတို့ဖုန်းနံပါတ်တွေတော့ ယူထားလိုက်တယ်"

ကိုအောင်နေမျိုးရဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ရှစ်လုံးရဲ့ အထိုင်စက်ကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ သူ့ကို လောလောဆယ် မုံရွာထောင်မှာ ဖမ်းဆီးချုပ်နှောင် ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။