မြန်မာနိုင်ငံက ခိုင်မာတဲ့ အပြောင်းအလဲ ပြင်သစ် စောင့်ကြည့်နေ

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြင်တွေ့နေရပေမဲ့ ဒီအပြောင်းအလဲတွေ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ဖြစ်လာမလဲ ဆိုတာ လေ့လာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြင်သစ် သံအမတ်ကြီးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2011-09-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီကနေ့ နေ့လည်က ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်း ပြင်သစ် သံရုံးမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပါတီတွေရဲ့ လုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တဲ့ အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

မြန်မာပြည် မရောက်လာခင်က မြန်မာပြည်အကြောင်းကို အစိုးရနဲ့ NLD နှစ်ခုကိုပဲ သိထားကြောင်း၊ ဒီရောက်လာတဲ့အခါမှာမှ မြန်မာပြည်ရဲ့ အခြေအနေဟာ ဒီထက်ပိုများပြားပြီး အားလုံးနဲ့ ဆွေးနွေးရမယ်ဆိုတာကို သူနားလည်လာတဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရတာ ဖြစ်ကြောင်း ပြင်သစ် သံအမတ်ကြီးက ပြောဆိုတယ်လို့ ဦးသုဝေက ပြောပါတယ်။

ပြင်သစ် သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီမြန်မာပြည်၊ မွန်တိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီတွေကလည်း သူတို့ပါတီတွေ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်း ပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး အတွက် လှုပ်ရှား ဆောင်ရွက်မှုတွေမှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်သစ် သံအမတ်ကြီးက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

dear rfa- u announced the ambassador name incorrectly. please check - we have a new ambassador now. de France à Rangoun

Sep 15, 2011 01:00 PM

ဆိုက်တခုလုံးသို့