ဖုယွင်အလုပ်သမားအရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ညှိနှိုင်းဖြေရှင်း

2018-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖုယွင်စက်ရုံအတွင်းမှာ အလုပ်သမားတွေကို ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
ဖုယွင်စက်ရုံအတွင်းမှာ အလုပ်သမားတွေကို ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားအရေးမှာ အလုပ်ထုတ်ခံထားရသူတွေ အားလုံးကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ဘက်က ဒီနေ့ သဘောတူလိုက်ပါတယ်။

ဒါကြောင့် သပိတ်ပြီးဆုံးကြောင်းနဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်မယ့်စာချုပ်ကို မနက်ဖြန် အောက်တိုဘာလ ၃၁ ရက်နေ့ မနက်မှာ ချုပ်ဆိုကြမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖုယွင်အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ ကိစ္စအတွက် တရုတ်သံအရာရှိတွေနဲ့ ဆွေးနွေးခဲ့သလို၊ အလုပ်ရှင်ကိုရော အလုပ်သမားတွေကိုပါ တိုင်းအစိုးရရုံးကို ဒီနေ့ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းရာမှာ အလုပ်ပြန်ခန့်ဖို့ကိစ္စ နှစ်ဖက်ပြေလည်ခဲ့တာပါ။

အစောပိုင်းမှာတော့ အလုပ်ရှင်ဘက်က ရပ်တည်တဲ့ အလုပ်ခွင်ကြီးကြပ်ရေးမှူးတချို့က ဒီသဘောတူညီချက်ကို လက်မခံကြဘူးလို့ သိရပါတယ်။

အဲဒီနောက် စက်ရုံမှာကျန်နေတဲ့ အလုပ်သမားတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က လိုက်လံတွေ့ဆုံ ညှိနှိုင်းခဲ့ပြီး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့