အရှင်ဂမ္ဘီရကို ဆေးကုသပေးဖို့ အမြန် ပြန်လွှတ်ပေးစေချင်

စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ထောင်ဒဏ် (၆၈) နှစ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရဟာ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရတာကြောင့် သူ့ကို ဆေးကုသ ပေးနိုင်အောင် အမြန် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက အောက်တိုဘာ (၂၇) ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တောင်းဆို လိုက်ကြပါတယ်။

2011.10.28
gambira_family_305px.jpg ၂၀၀၇ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ နှင့် လူထု လှုပ်ရှားမှုကြီး၏ ဦးဆောင် သံဃာတစ်ပါး ဖြစ်သော အရှင်ဂမ္ဘီရ (ယာအစွန်) နှင့် အခြားမိသားစုဝင်များကို ၁၉၉၉ခုနှစ် ဇူလိုင်လက ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပၝသည်။ (ဝဲ မှ ယာ) ဦးဂမ္ဘီရ၏ အစ်မ၊ မယ်တော် ဒေၞရေး၊ အစ်ကို ကိုအောင်ကျော်ကျော်၊ အမည်မသိ သံဃာတစ်ပါးနှင့် အရှင်ဂမ္ဘီရ။ (Photo: RFA)
(Photo: RFA)

အဲဒီစာကို သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထဲရေးဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရေး လွှတ်တော်ချုပ်ရုံး၊ NLD ပါတီ စတာတွေကိုပါ အရှင်ဂမ္ဘီရရဲ့ အစ်မဖြစ်သူ မခင်သူဌေးက လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ပါတယ်။

ဒီကနေ့ ထောင်ဝင်စာ တွေ့ချိန်မှာ အရှင်ဂမ္ဘီရဟာ ပွင့်ပွင့်လင်းလင်း ဖြေကြားနိုင်ခြင်း မရှိဘဲ အာလေးရှာလေး ဖြစ်နေပြီး ကျန်းမာရေး အခြေအနေ ပုံမှန်မဟုတ်ကြောင်း ကလေး အကျဉ်းထောင်ကို သွားခဲ့တဲ့ မယ်တော် ဒေါ်ရေးက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်မှာ အရှင်ဂမ္ဘီရ ရှိခဲ့စဉ်က အာဏာပိုင်တွေရဲ့ ရိုက်နှက်ခြင်း ခံရပြီး လက်ရှိ ကလေး အကျဉ်းထောင်မှာ ဝေဒနာ ခံစားနေရချိန် အရှင်ဂမ္ဘီရက ငြီးတွား အော်ဟစ်တာကို ထောင်အာဏာပိုင်တွေက ဆေးထိုးပြီး ဖြေရှင်းနေတာတွေ အတွက် သံသယဝင်မိသလို စိုးရိမ်မိကြောင်း မယ်တော်ဒေါ်ရေးက ပြောပါတယ်။

အရှင်ဂမ္ဘီရရဲ့ မယ်တော်ဒေါ်ရေးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။