အမေရိကန် ဘီလျံနာသူဌေးကြီး ဆိုးရော့စ်နဲ့ မွတ်စ လင်ခေါင်းဆောင်တွေ တွေ့ဆုံ

2015-01-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Open Society ဖောင်ဒေးရှင်းတည်ထောင်သူ သူဌေးကြီး George Soros ဟာ ဇန်နဝါရီလ ၈ ရက်နေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ တွေ့ဆုံစဉ်
Open Society ဖောင်ဒေးရှင်းတည်ထောင်သူ သူဌေးကြီး George Soros ဟာ ဇန်နဝါရီလ ၈ ရက်နေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မွတ်စလင်လူငယ်တစ်ဦးက သူတို့ သွားလာခွင့်ကန့်သတ်ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။

"ကျနော်တို့ သွားလာခွင့်ကိုပိတ်ထားတာ ဘာမှအဆင်မပြေဘူး၊ ဈေးလည်းသွားလို့မရဘူး၊ ကျနော်တို့ ဒီနိုင်ငံမှာမွေးတာ တော်တော်လေးကြာပြီ၊ ကျနော်တို့အဖိုးက အရင်ကအစိုးရဝန်ထမ်း၊ အဲ့ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါ"

Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့ အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Mr.George Soros က မွတ်စလင်တွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေကို မေးမြန်းခဲ့ပါတယ်။

သက္ကယ်ပြင်၊ ဒါးပိုင်၊ စက်ရုံစုစတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်နိုင်ငံအခြေစိုက် Open society အဖွဲ့အကြီးအကဲ ကုဋေကြွယ်သူဌေးကြီး ဂျော့ ဆိုးရော့စ်ဟာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေ အတူပူးတွဲနေထိုင်နိုင်ရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဂျော့ဆိုးရော့အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာပြီး တတ်စွမ်းသမျှ အကူအညီပေးလိမ့်မယ်လို့ မိမိနားလည်ကြောင်း ဦးရွှေမောင်က ပြောပါတယ်။

"သူက ပြန်လည်သင့်မြတ်ဖို့ ပြီးတော့ ငြိမ်းချမ်းစွာ ပူးပေါင်းအတူနေထိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို သုံးရင်ကောင်းမလဲဆိုတဲ့ အဲဒီ့အပေါ်မှာလည်း သူ့ဖက်ကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်၊ ပြီးတော့ သူက နိုင်ငံတော်သမ္မတကြီးကိုလည်း တွေ့ပြီးပြီလို့ ပြောပါတယ်၊ သူက ရခိုင်ပြည်နယ်ဝန်ကြီးချက်နဲ့ တွေ့တဲ့ အခါမှာလည်း ဒီကိစ္စတွေကို အသေးစိတ်ဆွေးနွေးပြီးတော့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ်၊ ဒီလို သဘောပဲ ကျနော်တို့ကို ရှင်းပြတာပါ"

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ Mr. Soros နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်းက လူမျိုးစုကိစ္စတွေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဒုက္ခသည်စခန်းတွေက အခြေအနေတွေကို မေးမြန်း ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဂျော့ဆိုးရော့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဒီရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီုးဖြစ်သလို ရခိုင်ပြည်နယ်ကို ဒီကနေ့ရောက်ရှိပြီး စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာနေပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

Kyaw's suffering is right, because I know about illegal Bangalis. Their leaders, clerics and fake volumteers are making a lot of millions of money flowing to their pocket from OIC. Actual illegal Bangalis and Burmese are victims for their money making plots. Bangaladesh government too, making multi billions dolliars from OIC. World need to be sympathy like light suffering of Europe countries. Bangalis called Rohinjas should understand and admit real your origin. Burmese refugees like Kyaw in USA are living peacefully under American tradition and constitution. No violent back to those countries. Illegal or legal muslims should stay like Burmese refugees. If your are like that nobody will discreminate you.

Jan 09, 2015 10:16 PM

အမည်မဖော်လိုသူ

မြန်မာနိုင်ငံသား ဖြစ်ချင်ရင် တလင် တမယား စနစ်ပဲ ကျင်ံရမယ်။ နောက်နောင် ခိုးဝင်လာသူတွေကို အာရပ်တိုင်းပြည်တွေ ပို့လိုက်ပါ။

Jan 09, 2015 03:33 PM

Richard

နေရပ်- US

Rohinjas don't want to admit and take responsibility of their fault of 4 wives system, and multi- kids system. Result of that system is they can't control their own problem. This is how they are trying to dominate Rakhine state. . Their main goal was to be cheered and get grants of Multi billions from OIC.
How many native people were raped, killed and beheaded by Rohinjas Muslim Terrorists in Myanmar and Malaysia
Rohinjas are very shameful people. Never admit their faults.
HRW & UN are always give pressure to Myanmar. They are always biased. They are the puppets of OIC.

Jan 09, 2015 01:20 AM

အမည်မဖော်လိုသူ

ဘီလျံနာသူဌေးကြီးပဲဗျာ။ “လူမနေတဲ့ကျွန်း”တကျွန်းဝယ်ပြီး အဲဒီ ဒုက္ခသည်တွေကို အခြေချပေးလိုက်ပါလား။

Jan 08, 2015 09:24 PM

Kyaw

နေရပ်- USA

Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့ အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။
Mr. George Soros, if you want to solve this puzzle, you should discuss with OIC countries and Muslim Brotherhood, which are very close to the work for your fund raising and pick up them to OIC countries. We don't accept all these illegal Bengali Muslims, who has committed crimes against humanity in Arakan as well as Chittagong Hill Tracts in Bangladesh. They are all radical Muslims. You know that our concerns about the world is under attack Islamic extremists!

Jan 08, 2015 01:28 PM

အမည်မဖော်လိုသူ

Kyaw you are also illegal immigrant in .USA
Where did you born?Go back your Birth Place

Jan 09, 2015 11:29 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့