ဒဂုံစီးတီး အိမ်ရာစီမံကိန်း ရပ်ဆိုင်း ဖို့ ရန်ကုန်တိုင်းအစိုးရ ကတိပြု

2015-06-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရွှေတိဂုံစေတီတော်ကြီးအနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ ရန်ကုန် တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဘသ ဆရာတော်တွေကို ကတိပေးပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် တို့နဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ရန်ကုန်မြို့ အောင်ဆန်းတပ်ဦး ကျောင်းတိုက်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ကတိပေးခဲ့တာ လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

"ရွှေတိဂုံစေတီတော်ကြီး ပျက်ဆီးမယ့်အရေးဘာမှမလုပ်ပါဘူးလို့ ဒဂုံစီးတီးအိမ်ယာ ၁ ဆောက်လုပ်ခြင်းကို ယခုရပ်ပေးပါမယ်၊ တာဝန်နဲ့လာတာပါ၊ သူတို့ရဲ့ပြောစကားသည် အတည်ပါဘဲလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ထွန်းထွန်းနောင်ကပြောပါတယ်၊ ရန်ကုန်သမ္မတရုံးကနေပြီးတော့ ဒဂုံစီးတီးအိမ်ယာ ၁နဲ့ ပတ်သက် ပြီးတော့ လုံးဝပယ် ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာတောင်းတဲ့အခါမှာ စောင့်ကြည့်ကာလကို ၁၅ ရက်နဲ့ သဘောတူလိုက်ပါတယ်"

အလားတူ အိမ်ရာစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တွေဝေတာ၊ လက်မှတ်ကောက်ခံတာစတဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးတာကို လည်း ရွှေတိဂုံစေတီကာကွယ် စောင့်ရှောက်ရေးအဖွဲ့က သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းကို ၁၅ ရက်အတွင်း နိုင်ငံတော်သမ္မတရုံးက လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့အမိန့် ထုတ်ပြန်ပေး ဖို့ကိုလည်း ပြန်လည်တောင်းဆိုခဲ့တယ်လို့ ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ် တပ်ရှိတဲ့ မြေနေရာ ဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခ ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။

ကွန်မင့်များ (9)
Share

ကျတော်ဘာမှမပြောဘူးနော်

မေး။ ။ အဓိကတွေ့ဆုံမှုက ဘယ်လိုအတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ဆရာအနေနဲ့ မျော်မှန်းထားတာမျိုးရှိသလဲခင်ဗျ။
ဖြေ။ ။ သူတို့ဖက်ကလဲ ကြိုဆိုတဲ့သဘောရှိတယ် နောက်ပြီးတော့ အပြန်အလှန်လေးစာမှုရှိတယ်။ အပြန်အလှန်လေးစားမှုရှိတယ်၊ ကြိုဆိုမှုရှိတယ် ပြဿနာရပ်များကို စေ့စပ်ညှိနှုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုသော ဒီအဖြေတစ်ခုကို ကျွန်တော်တို့ ရခဲ့တဲ့အတွက်ကြောင့် ရှေ့လျှောက်ကျွန်တော်တို့က ဒီလိုပြဿနာတွေဖြစ်အုံးမယ်ဆိုရင် ကျွန်တော်တို့ သွားရောက်တွေ့ဆုံမယ် ဆွေးနွေးမယ် ဖြေရှင်းမယ် အမှန်တရားပေါ်အောင် ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ဆိုတဲ့ ဒီနည်းဟာ အင်္ဂလိပ်ပြောရင်တော့ A step in right direction မှန်ကန်သောလမ်းကြောင်းမှာ မှန်ကန်သောခြေလှမ်းတစ်လှမ်းကို ကျွန်တော်တို့လှမ်းခဲ့ခြင်းလို့ အဲဒီလို ကျွန်တော်တို့ ယုံကြည်ပါတယ်။
[ ရှည်လျားလွန်းသောမှတ်ချက်များ လက်မခံနိုင်ပါ - အယ်ဒီတာ]

Jul 11, 2015 02:31 PM

ကျတော်ဘာမှမပြောဘူးနော်

ကိုပေါက်(Myanmar Muslim Media CJ) ဇွန်လ ၇၊ ၂၀၁၅
မဘသ (ဗဟို)ရဲ့ ဦးဆောင်ဆရာတော်တွေနဲ့ အစ္စလာမ်ဘာသာဝင်ဓမ္မကထိက ဆရာဦးအေးလွင်အပါဝင် ပုဂ္ဂိုလ် ၃ ဦးဟာ ဇွန်လ ၆ ရက်နေ့က မ.ဘ.သ ဗဟိုရုံးမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဦးအေးလွင်ကို Myanmar Muslim Media က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဆွေးနွေးဖြစ်ခဲ့တဲ့ အဓိကအကြောင်းပြောပြပါအုံးခင်ဗျာ။ ဖြေ။ ။ ကျွန်တော့်ရဲ့တစိုက်မတ်မတ် conflict resolution ပြဿနာများကို ပြေလည်ရေးရဲ့နည်းဟာ ကုရ်အာန်နဲ့ ဟဒီးစ်မှာ ပါတဲ့အတိုင်းပဲ တွေ့ဆုံဆွေးနွေးရေး။ ကိုယ်နဲ့သဘောထားချင်းတူတဲ့လူတွေကို တွေ့ဆုံဆွေးနွေးလို့ရှိရင် Monologue လို့ခေါ်တယ် ပြောစရာဘာမှမရှိဘူး အားလုံးသဘောတူတယ်။ အဲ့တော့ Dialogue ဆိုတာက ရှုထောင့်မတူကြတဲ့လူတွေ အမြင်မတူကျတဲ့လူတွေ သဘောထားကွဲလွဲနေတဲ့လူတွေကိုဆွေးနွေးရတာ ဖြစ်ပါတယ်။ အဲ့တာကြောင့်မို့ တမန်တော်မြတ်ရဲ့လမ်းစဉ်အတိုင်း ကျွန်တော်တို့ အစ္စလာမ်အပေါ်မှာ အမြင်မှားနေတဲ့လူတွေနဲ့ ကျွန်တော်တို့သွားပြီးတော့တွေ့တာဖြစ်ပါတယ်။

Jul 11, 2015 02:29 PM

jefferysu

နေရပ်- united state of American

you never win because they are Army

Jun 27, 2015 07:37 PM

မှန်တာပြောသူ

နေရပ်- Yangon

အံ့သြစရာပါလား? လွတ်တော်အမတ်တွေတောင် တားလို့မရတဲ့ စီမံကိန်းက မဘသ တားမှရသတဲ့လား? လွတ်တော် အမှတ်တွေက အရုပ်တွေလား? ဒါမှမဟုတ် မဘသ က အဘရဲ့ အဖွဲ့ခွဲတစ်ခုလား? ဒီလို ဘုန်းကြီးတွေကို ရိုသေတဲ့ စစ်တပ်က ဘာဖြစ်လို့ ၂၀၀၇ တုံးကကျတော့ ဘုန်းကြီးရိုက်တုန်း…… စဉ်းစားစရာ အများကြီး ပါလား?

Jun 26, 2015 02:50 PM

အမည်မဖော်လိုသူ

ခပ် ညံ့ညံ့ အစိုးရ နဲ့ ခပ် မိုက်မိုက် မဘသတွေ

Jun 23, 2015 09:32 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့