ကိုးကန့်သူပုန်ဘက်ကကျဆုံး အလောင်း ၁၈ လောင်းရ ရှိကြောင်း အစိုးရထုတ်ပြန်

2015-02-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ
လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ
Photo: Hmuu Zaw

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတိုက်ပွဲ အတွင်း ကိုးကန့်သူပုန်အလောင်း ၁၈ လောင်းရရှိထားပြီး  အပြင်းအထန်ဒဏ်ရာရရှိထားသူ ၈ ဦးကိုလည်း ဖမ်းဆီး ရမိထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါ့ပြင် လက်နက်ငယ်မျိုးစုံ အလက် ၁၀၀၊ လမ်းလျှောက် စကားပြောစက် ၄ လုံး၊ လက်ပ်တော့ ကွန်ပြူတာ ၄ လုံးနဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ဆို ပါတယ်။

အစိုးရတပ်မတော်ဘက်ကတော့ ကျဆုံးသွားတဲ့အရာရှိ စစ်သည်အရေအတွက်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ၄၇ ဦးအထိရှိတယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း အစိုးရဘက်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူ တိုက်ခိုက်မှုတွေရှိကြောင်းအစိုးရဘက်က ပြောသ လို MNDAA ကိုးကန့်တပ်မတော်ဘက်ကလည်း TNLA တာအန်းလွတ်မြောက်ရေး တပ်မတော်၊ KIA ကချင် လွတ်မြောက်ရေးတပ်မတော်၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ နဲ့ AA ရခိုင့်တပ်မတော်တို့ ကူညီ တိုက်ခိုက်ပေးနေတယ်လို့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်း က ပြောကြားထားပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လွတ်တော်မှာ စစ်အသုံးစရိတ်တွေ တိုးတိုးတောင်းပြီး ရှိသမျတိုင်းရင်းသားတွေအကုန်လုံးကို လိုက်သတ်နေတော့တာပဲ။ ကုလားကို လည်းမဲပေးခိုင်းပြီးပေါင်းတယ် တရုတ်ကိုလည်း ရှိသမျအကုန်ရောင်းပြီးပေါင်းတယ် ဆန့်ကျင်ရင် သတ်ပြစ်သေးတယ် လက်ပံတောင်းမှာ ။ ပညာရေးမှာလည်းလာပြီးချေရှုပ်နေသေးတယ် ကောင်းတာဆိုလို့ ဘာတခုမှကိုမရှိဘူး

Feb 17, 2015 02:09 AM

အမည်မဖော်လိုသူ

ကျဆုးံစစ်သားတွေအတွက်ဝမ်းနည်းပါတယ်
လိုအပ်ရင်စစ်ထဲဝင်မယ်

Feb 16, 2015 03:25 AM

ဆိုက်တခုလုံးသို့