အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေ

ပြည်ထောင်စု လွှတ်တော်ကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မနေ့က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

2012.03.23
thura-shwe-mann-305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
RFA

ပြည်ထောင်စုလွှတ်တော် နာယကကို တင်ပြတဲ့ သူရဦးရွှေမန်းရဲ့ သဝဏ်လွှာမှာ အချက်(၃)ချက် ပါဝင်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

"လစာနှုန်းထားတွေကို ပြင်ပြီးခါမှ လျော့ယူတဲ့ ကိစ္စပါ။ ဥပဒေကြောင်းအရ အစိုးရအဖွဲ့လစာနှုန်းထား ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်တယ်။ တကယ်လို့ လျော့ချင်ရင် လျော့ချင်တဲ့ အကြောင်းအရာတွေကို တင်ပြပြီး ပြည်ထောင်စု လွှတ်တော်ကနေ လျော့ပေးရမှာ၊ နောက်တစ်ချက်က အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာကို တိုးမြှင့်ပေးခြင်းနဲ့ ပတ်သက်လို့ပါ၊ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၁၀၃ ကိုသူညွန်းပါတယ်။ အတည်ပြုချက် မယူခဲ့တဲ့ ကိစ္စကိုညွန်းပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းတယ်။ အဲဒီ ကော်မရှင်ကို ဗဟိုအဆင့်မှာ သတ်မှတ်ပြီးခါမှ ကော်မရှင်အတွက် ငွေကြေးသုံးစွဲတဲ့ အခါမှာလည်းပဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ယူရတယ်"

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီတင်ပြချက်ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ချပြတဲ့အခါမှာ သဘောတူခဲ့ပြီးနောက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ မဲအများစုနဲ့ သူရဦးရွှေမန်းရဲ့သဝဏ်လွှာကို အတည်ပြုခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒေါက်တာအေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။