NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ


2014.01.22
nner-305.jpg ရန်ကုန်တိုင်း၊ အင်းစိန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်ကျမ်းစာများ အသင်းမှာ ဇန်နဝါရီလ ၅ ရက်နေ့က ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: RFA

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့   ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက်ခံဆွေးနွေးဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပညာရေး မူဝါဒမူကြမ်းကို မနေ့ကစပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဆွေးနွေးနေတာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသား ကွန်ရက်အဖွဲ့ဝင်တွေ ဝင်ရောက်ဆွေးနွေးခွင့် မရတဲ့အတွက် အဲဒီအဖွဲ့တွေအားလုံးက မနေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ကြပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့ မူကြမ်းကို ဒီနေ့ အစိုးရဖက်က လက်ခံဆွေးနွေးဖို့ ဖြစ်လာတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“အစိုးရဘက်ကလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး တာဝန်ရှိသူတွေနဲ့ ကျနော်တို့ NNER ဘက်က ပညာရေးမူဝါဒဆိုင်ရာ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံပြီးတော့ မူဝါဒနှစ်ခုကို ထပ်မံညှိနှိုင်းတာလုပ်ဖို့ ကျနော်တို့ ဒီနေ့ပဲ ဆွေးနွေးသဘောတူညီခွင့်ရပါတယ်၊ အဲဒါကတော့ လာမယ့်တစ်ပတ်မှာ လုပ်သွားမှာပါ”

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့မူကြမ်းကို လွှတ်တော်မှာတင်ပြပြီး ဥပဒေအဖြစ်ပြဌာန်းမှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူကြမ်းကို လွှတ်တော်မှာ တင်သွင်းထားတယ်လို့ သိရပါတယ်။ အဲဒီမူကြမ်းကို လာမယ့်သတင်းပတ်ထဲမှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။