လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2015.02.10
govt-army-305.jpg အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
Photo: From Jade Land Kachin

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် အနီး လောက်ကိုင်မြို့နယ် ဖုန်းရွှေးရှမ်းရွာနဲ့ ကြိုးထိုး ရှမ်းရွာတွေမှာ အစိုးရစစ်တပ် ခလရ ၁၂၉ နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့အကြား ဒီကနေ့မှာ လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အစိုးရစစ်တပ်ဘက်က စစ်လေယာဉ် ၂ စီး အသုံးပြုပြီး ပစ်ခတ်နေတာဖြစ်တယ်လို့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ဒီနေ့ကတော့ မနက် ၇ နာရီကနေ အခုထက်ထိပါပဲ ခင်ဗျ၊ ဒီနေ့ကတော့ ရဟတ်ယာဉ်နှစ်စီးသုံးပါတယ်၊ မနေ့ညက နှစ်နေရာမှာဖြစ်ပါတယ်၊ ကျနော်တို့ ဘက်ကတော့ ၃၊ ၄ ယောက်လောက် ဒဏ်ရာရတယ်"

အစိုးရစစ်တပ် ခလရ ၁၂၉ နဲ့ တိုက်ပွဲဖြစ်နေရာမှာ ကိုးကန့်တပ်မတော် MNDAA အပြင် ကေအိုင်အေ၊ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA နဲ့ ရခိုင့်တပ်မတော် AA တို့ ပါဝင်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်မတော် MNDAA ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ဘိန်းလုပ်ငန်းနဲ့ ဆက်နွယ်တယ်ဆိုပြီး အစိုးရနဲ့ပြဿနာဖြစ်ခဲ့တာကြောင့် ကိုးကန့်ဒေသကနေ ထွက်ပြေးသွားတဲ့အဖွဲ့လို့လည်း သိရပါတယ်။

MNDAA အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ပဲ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။