အစိုးရတပ်နဲ့ ကေအိုင်အေတိုက်ပွဲ တစ်ဦး ကျဆုံး

2014-12-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ကချင်ပြည်နယ် ချီဖွေမြို့နယ် လဂွေကျေးရွာရဲ့ အရှေ့မြောက်ဘက် ၄ မိုင်လောက်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်တွေနဲ့ မနေ့နေ့လယ်က တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ကေအိုင်အေဘက်က ၁ ဦးသေဆုံး ခဲ့ပြီး သေနတ်တစ်လက်နဲ့ ကျည်အတောင့် ၂၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနက ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေ စိုက် ကေအိုင်အို နည်းပညာအကြံပေးအလုပ် အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးဒေါင်ခါးကို မေးမြန်း ရာမှာ မသိရှိကြောင်း ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့ကလည်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ အစိုးရတပ်နဲ့ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

Pyay Nyein

နေရပ်- Myanmar

ဗမာစစ်တပ် ကိုဘယ်တော့မှမယုံနဲ့ တစ်ဖက်ကငြိမ်းချမ်းရေးစကားပြောနေပေမဲ့ တစ်ဖက်မှာ တိတ်တဆိတ် စစ်ဆင်ရေးအမြဲတန်လုပ်နေကျ။ ကျွန်တော်ဗမာစစ်စစ်ပါ။

Dec 29, 2014 07:41 PM

ဆိုက်တခုလုံးသို့