အစိုးရဝန်ထမ်းတွေ လစာကျပ် နှစ်သောင်းတိုးဖို့ လွှတ်တော် သဘောတူ

2014-03-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

လာမယ့် ဧပြီလကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာငွေကျပ် ၂ သောင်းတိုးပေးဖို့ ထည့်သွင်းလျာထားတဲ့ ၂၀၁၄ -၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ် ပါတယ်။ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခုလို ကြေညာခဲ့ပါတယ်။ "၂ဝ၁၄ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို သဘောမတူသူ မရှိတဲ့အတွက် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာပါတယ်" လက်ရှိအစိုးရလက်ထက်မှာ အစိုးရဝန်ထမ်းတွေကို ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၂ သောင်း တစ်ကြိမ်၊ ကျပ် ၃ သောင်းတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ဒီတစ်ကြိမ်တိုးမြှင့်တာကို လာမယ့် ဧပြီလကုန်မှာ ခံစားကြရမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

PK

သူတို့လည်း ရမှာဆိုတော့ ဘယ်သူက ကန့်ကွက်မှာလဲ။

Mar 25, 2014 04:58 PM

ဆိုက်တခုလုံးသို့