အစိုးရနဲ့ KNPP ငြိမ်းချမ်းရေး ဆွေးနွေးမည်


2013.10.21
knpp-gov-peace-305.JPG ဇွန်လ ၂ဝ ရက်နေ့က ဆက်လက်ကျင်းပတဲ့ အစိုးရ ကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNPP ကိုယ်စားလှယ်များကို တွေ့ရစဉ်
photo: RFA/ Nay Thwae

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တွဲဘက်အတွင်းရေးမှူး ၂  ဦးရွှေမျိုးသန့်က မနက်ဖြန်ဆွေးနွေးပွဲမှာ အစိုးရနဲ့ ကေအင်ပီပီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကေအင်ပီပီနဲ့ အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်ရေးကော်မတီဖွဲ့စည်းဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့၊ နှစ်ဘက်နည်းပညာအဖွ့ဲတွေဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးဖို့စတဲ့အချက် ၈ချက်ကို သဘောတူညီခဲ့ကြပါတယ်။

မနက်ဖြန် ပြုလုပ်မယ့်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း ဦးဆောင်တက်ရောက်မှာဖြစ်ပြီး၊ KNPP ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ ဒုတိယဥက္ကဌ ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူး (၂) ဦးရွေမျိုးသန့်တို့ ဦးဆောင်တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။