လက်လုပ်လက်နက်တွေ ရှာဖွေတွေ့ရှိ

2018-01-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင်ကျေးရွာက ရေကန်တစ်ခုထဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင်ကျေးရွာက ရေကန်တစ်ခုထဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင်ကျေးရွာက ရေကန်တစ်ခုထဲကနေ ဒေသန္တရ လက်လုပ်လက်နက် ၃၂ လက်ကို မနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျေးရွာသားတွေ ဖားရှာရင်းကနေ တွေ့ရှိခဲ့တာလို့ အောင်မင်္ဂလာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး က ပြောပါတယ်။

"ကျနော်တို့ရွာရဲ့  အနောက်ဘက် သက္ကယ်ပြင် ကုလားရွာကနေပြီးတော့ ကျနော်တို့ရွာသားတွေ ဖားသွားရှာရင်း ကနေ တွေ့ပြီးတော့ ကျနော့်ကိုသတင်းလာပို့တယ်၊ အမြောက်လိုလိုဟာ အကြီးတစ်လုံးတော့ပါတယ်၊ ကျနော်တို့ တပ်ကို အပ်လိုက်ပါတယ်"

မနေ့က သိမ်းဆည်းရမိတဲ့ လက်နက်တွေဟာ ဒေသန္တရလုပ်တွေဖြစ်ကြတဲ့ စိန်ပြောင်း ၁ လက် နဲ့ သေနတ် ၃၁ လက် ဖြစ်တယ်လို့သိရပါတယ်။

သက္ကယ်ပြင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ နောက်ဆုံးပတ်က နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက် တိုက်ခံရတဲ့ ဖြစ်စဉ်တွေအတွင်း မွတ်စလင် အကြမ်းဖက်သမားတွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း အောင်မင်္ဂလာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီလက်နက်တွေဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သိုဝှက်ထားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဒေသန္တရလုပ် လက်နက်တွေကို လက်နက်ကျွမ်းကျင် စစ်သည်တွေနဲ့ စစ်ဆေးနေပြီး လက်နက်တွေ့ရှိတဲ့ အနီးတစ်ဝိုက်ကိုလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့