ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်း ဆုံးဖြတ်ချက်ချ
2011.01.31
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော သံဃာနှင့် လူထု လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူး အစည်းအဝေး ပြုလုပ်နေစဉ် ကုလသမဂ္ဂရုံး အဆောက်အအုံရှေ့ရှိ နာမည်ကျော် ‘ကုလားထိုင်ကျိုးကြီး’ ပန်းပုရုပ်အနီးတွင် ၂၀ဝ၇ ခုနှစ် အောက်တိုဘာ ၂ရက်နေ့က ဘုန်းကြီးဆောင်းထီးနှင့် ပန်းပွင့်ကိုင်ဆောင် ဆန္ဒပြနေသူများ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီနေ့ မူကြမ်း ဆုံးဖြတ်ချက်ချတဲ့ ဆွေးနွေးပွဲကို ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက သဘာပတိအဖြစ် ကြားနာခဲ့ပြီး မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တဦးထဲကပဲ ဝေဖန်တာတွေကို တုံ့ပြန် ပြောကြားခဲ့တာပါ။
ဒီနေ့ မူကြမ်းကို ဆုံးဖြတ်ပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက် အစီရင်ခံစာကိုတော့ လာမဲ့ ဇွန်လမှာ ထုတ်ပြန်ပါမယ်။ မြန်မာစစ်အစိုးရဖက်က တုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ Burma Forum UPR အဖွဲ့က ဦးအောင်မျိုးမင်းက အခုလို သုံးသပ်ပါတယ်။
“သူတို့တွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်မှု ရှိတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားရေးနဲ့ ကာကွယ်ရေးကို သူတို့ အပတ်တကုတ် ကြိုးစားဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့ သူတို့ ဒီမှာ လက်မခံနိုင်တဲ့ အချက်တွေ ကြည့်တဲ့ အချက်ထဲမှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ အမှန်တကယ်၊ လူ့အခွင့်အရေးကို လေးစားပါတယ်၊ ကာကွယ်ပေးပါတယ်လို့ ပြနိုင်တဲ့ အချက်တွေ တခုမှ မရှိဘူး။ သူတို့ ပြောနေတဲ့ လူ့အခွင့်အရေးအရ ပူးပေါင်းဆောင်ရွက်နေပါတယ် ဆိုတဲ့ အချက်ကို သူတို့ ပြန်လည်ပြီးတော့ ဆန့်ကျင်ဖက် ဖြစ်ရာ ရောက်သွားတယ်။”
Burma Forum UPR ဟာ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့က Burma Fund အပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာနဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက် မူကြမ်းချမှတ်ရေး ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ Burma Forum UPR အဖွဲ့က ဦးအောင်မျိုးမင်းကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









