ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ၃လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဦးလှဆွေ တိုက်တွန်း

2015-11-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo:Htet Arkar/RFA

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ ၃လအတွင်း မလုပ်ဘူးဆိုရင် နိုင်ငံရေးကို ကျောခိုင်းပြီး စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။

ဒီကနေ့ RFA နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းရာမှာ ဦးလှဆွေက ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ အားနည်းချက်ကြောင့် ရှုံးနိမ့်တာလို့ ပြောပါတယ်။

"ကြံ့ခိုင်ရေးပါတီဟာ တကယ့်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုတယ်၊ အခုက ပြောင်းလဲတယ် ပြောင်းလဲ တယ်ပြောပြီးတော့ ဒီလူတွေချည်းပဲ၊ လူကြီးပိုင်းကတော့ CEC ပိုင်းကတော့လေ၊ ကျနော်တို့က ဒါကအစ သူတို့သေချာပြုပြင်နိုင်မလား၊ ဒီ ၃ လလောက် ကျနော်တို့ စောင့်ကြည့်မှာပေါ့၊ ဒီ ၃ လလောက်မှာ ပြောင်းလဲမှု ဟာ အားရကျေနပ်လောက်စရာ ဖြစ်တယ်လို့ယူဆရင် ကျနော်ကဆက်ပြီးတော့ နိုင်ငံရေးလုပ်မယ်၊ တကယ်လို့ ပြောင်းလဲမှုဟာ တို့ကနဲ ဆိတ်ကနဲလေးပဲလုပ်သွားတယ်၊ နာမည်ခံပဲလုပ်တယ်ဆိုရင် ကျနော်ကတော့ ကိုယ့်ဘာသာ စီးပွားရေးပဲလုပ်တော့မယ်"

ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လိုအပ်နေကြောင်းကို ဦးသူရရွှေမန်း ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက အစည်းအဝေးမှာ သူတင်ပြခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိအနိုင်ရနေတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေထဲမှာ အနည်းဆုံး ၁၀ ယောက်လောက်ဟာ ဥပဒေနဲ့ငြိစွန်းတာကြောင့် ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လိုပုံစံတွေလည်းဆိုတာတော့ မသိရပါဘူး။

ဦးလှဆွေဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း စတဲ့မြို့နယ်တွေကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

ဒါအမှန်​ပဲ​ပေါ့

ဦးလှ​ဆွေ​ပြောတာမှန်​ပါတယ်​ ပါတီပုံစံမသွားပဲ ရုံးပုံစံ သွား​နေသမျှ ဘယ်​ပါတီဖြစ်​ ၂ အလားတူဖြစ်​ရပ်​ကို ကြုံ​တွေမှာပါ။ NLD အနိုင်​ရခြင်းသည်​ အ​မေစုတဦးတည်းကိုယုံကြည်​ပီး ပြည်​သူတရပ်​လုံးက ယင်းတို့နုလုံးသားကိုရက်​​ရောစွာပုံ​အောခဲ့တာပါ။ဒါ​ကြောင့်​ ​နောက်​လာမည့်​ ၅နှစ်​မှာ NLD အမတ်​များသည်​ ကြံခိုင်​​ရေးပုံစံအတိုင်းသွားမည်​ဆိုပါက ပြည်​သူများမှ ဦး​နှောက်​ဖြင့်​ ယခုလုပ်သလိုလုပ်​ပါလိမ့်​မည်​။ဒါ​ကြောင့်​ ကြံဖွတ်​အ​နေဖြင့်​ NLDကဲ့သို့  ခိုင်​မာသည့်​ အတိုက်​ခံအမတ်​များ​ပေါ်လာ​အောင်​ကို ပြုပြင်​​ပြောင်းလဲခြင်းဖြင့်​ ​မွေးထုတ်​ရပါမည်​။ဒါမှနိုင်​ငံ​ရေးအားမျှချိန်​ဖြစ်​ပါလိမ့်​မည်​။

Nov 12, 2015 10:02 PM

သခွတ်ပင် က မီးတကျီကျီ

နှစ်ပေါင်းများစွာ "သန္ဓေတည်"လာတဲ့ " ဗီဇ "ကို (၃လ)နဲ့ ပြောင်းရမယ် ?
ကြံ့ဖွံ့တွေ (ကယောင်ကတန်း)တော့ ပြောကုန်ပြီ။

Nov 12, 2015 01:38 PM

ဗေလုဝ

အပေါ်ကလူကအခုချိန်ထိ နိုင်ငံရေးမရင့် ကျက်သေးဖူးပဲ။ ၃လအတွင်း ဘယ်သူမှအကျင့် စရိုက်ကို မပြောင်းနိုင်ဖူး ဆိုတာဦးလှဆွေသိပီးသားပါ။အခုက ပြုပြင်ပြောင်းလဲရေး စလုပ်ဖို့ ပြောတာပါ။ တနည်းအားဖြင့် အပေါ် က တယောက်တင်ပြ သလို ခိုင်မာအားကောင်းတဲ့အတိုက်ခံတဖွဲ့ ပြန်ပေါ်ဖို့ လိုပါတယ်။ ဘယ်လူပါတီအဖွဲ့ စည်း ပဲဖြစ်ဖြစ် အာဏာ ကိုကြာရှည်စွာကိုင်ထားရင် ဖောက်ပြန်ပျက်စီး တဲ့သဘောရှိပါတယ်။မှန်တာကိုထောက်ခံ မှားတာကို ဝေဖန် အကြံပြုတတ်တဲ့အလေ့ကျင့်ကိုမွေးမြူပါ။

Nov 13, 2015 05:59 AM

ဆိုက်တခုလုံးသို့