အထပ်သားစက်ရုံမီးလောင်မှု အလုပ်သမား ၁ ဦးသေ


2019.02.19
honda-myanmar-fire-622.jpg ၂၀၁၉ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက မီးလောင်နေတဲ့ Honda(Myanmar) အထပ်သားစက်ရုံကို မီးသတ်သမားတွေ ငြိမ်းသတ်နေစဉ်
Photo: The Helping Hand

ရန်ကုန်ုတိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ထဲက Honda (Myanmar) အထပ်သားစက်ရုံ မီးလောင်မှုမှာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၁၃ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးထဲက ၂ဦးကိုတော့ အရေးပေါ်ကုသနေရတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က RFA ကို ပြောပါတယ်။

မနေ့ည ၇နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 3 အဆင့်သတ်မှတ်ကာ တစ်နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။