ကချင်စစ်ပွဲတွေ ရပ်တန့်နိုင်ရင် မြန်မာအမျိုးသမီးတွေ တရုတ်ကို ရောင်းစားခံရတာ အဆုံးသတ်နိုင်မယ်လို့ လေ့လာချက်တစ်ရပ်ဆို


2018.12.10
kachin-refugees-622.jpg ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ အခြေအနေကို အဆုံးသတ်နိုင်လိမ့်မယ်လို့  အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

ဒီပြဿနာဟာ ကချင်ပြည်နယ်အတွက်သာမဟုတ်၊ မြန်မာနိုင်ငံအတွက်သာမဟုတ်၊ တစ်ကမ္ဘာလုံးရဲ့ အရေးကိစ္စ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်၊ Bloomberg  ပြည်သူ့ကျန်းမာရေးကျောင်း နဲ့ ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်းတို့ရဲ့ လေ့လာချက်တစ်ရပ်က ဖေါ်ပြပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ ထောင်နဲ့ချီတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းမပျိုတွေ တရုတ်အမျိုးသားတွေနဲ့ အဓမ္မ လက်ထပ်ခံရ၊ ကလေးမွေးပေးရတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေရကြောင်း၊ တွေ့ဆုံမေးမြန်းချက်တွေအရ တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့၊ ကလေးမွေးပေးဖို့ ရောင်းစားခံလိုက်ရတဲ့ အမျိုးသမီးကို နောက် အမျိုးသားတစ်ဦးဆီ လက်လွှဲပြန်ရောင်းတာတွေလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင်း ဒေသ လေးခု ကနေ  တရုတ်အမျိုးသားတွေထံ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးကြီးငယ် အရေအတွက် ၇၄၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းရကြောင်း အစီရင်ခံစာက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။