လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မြေယာ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အတွက် ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးနေသူ မန္တလေးမြို့က ရှေ့နေကြီး ဦးမြင့်သွင်ကို တရားလွှတ်တော်ချုပ်က ရှေ့နေလိုက်ခွင့် သုံးနှစ် ပိတ်လိုက်တယ်လို့ သိရပါတယ်။

2011.12.19
mandalay-zaycho-305 အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့၏ စီးပွားရေး အချက်အချာ တစ်ခုဖြစ်သော ဈေးချိုနှင့် နာရီစင် မြင်ကွင်းကို တွေ့ရစဉ်
Photo: AFP

ဒီအမိန့်စာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရကြောင်း ဦးမြင့်သွင်က ပြောပါတယ်။

၂၀၁၁ ခုနှစ် ဆယ်လပိုင်းလောက်က တရားရုံးချုပ် ရုံးချိန်းတစ်ခုမှာ နောက်ကျသွားတဲ့ အတွက် ချိန်းတဲ့နေ့မှာ လျှောက်လဲချက် မပေးနိုင်ခဲ့တာကို အကြောင်းပြပြီး အခုလို လိုင်စင် သုံးနှစ် ရပ်နားခံရတာလို့ ဦးမြင့်သွင်က ပြောပါတယ်။

ဒါပေမယ့် ဦးမြင့်သွင်ဟာ အဲဒီ ပျက်ကွက်တဲ့ ရုံးချိန်း အတွက် အစားထိုး လျှောက်လဲခွင့် ကျမ်းကျိန်ပြီး လျှောက်ထားခဲ့ရာမှာ တရားရုံးချုပ်က ခွင့်ပြုတဲ့ အတွက် နောက်ပိုင်းမှာ အမှုအတွက် လျှောက်လဲချက် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်သွင်ဟာ မန္တလေးက ဒေါ်ဝင်းဝင်းမြ၊ မြင်းခြံက ဒေါက်တာ ဝင့်သူတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော် များများရဲ့ အကျိုးဆောင် ရှေ့နေကြီး ဖြစ်တဲ့ အပြင် ဖားကန့်နဲ့ မေမြို့က မြေယာ အသိမ်းခံရတဲ့ တောင်သူများရဲ့ အကျိုးဆောင် ရှေ့နေကြီးလည်း ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားရေး အာဏာပိုင်တွေရဲ့ ချို့ယွင်းမှုတွေကို ရေဒီယိုကနေ ပြောဆိုအပြီး တစ်ပတ် အကြာမှာ အခုလို လိုင်စင် ပိတ်ခံရတာ လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-19 04:20

ရှင်းပါတယ်။တမင်သက်သက်အကြောင်းရှာပြီး ဥပဒေကိုခုတုံးလုပ်တာပါ။
ဒီလိုအချိုးမျိုးတွေ ဆက်ချိုးနေသမျှ အာဏာပိုင်များရဲ့ စိတ်အခြေအနေဟာ အမှန်တကယ်ပြောင်းလဲရန်ဆန္ဒမရှိကြောင်း သိသာထင်ရှားနေဦးမှာပါ။