ပေါက်တောအနီးကျေးရွာတွေ မုန်တိုင်းဒဏ်ခံနိုင်ဖို့ ICRC ကူညီနေ

2018-06-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ICRC မှာ ဖော်ပြထားတဲ့ ပေါက်တောမြို့နယ်က အိမ်တလုံးပုံ
ICRC မှာ ဖော်ပြထားတဲ့ ပေါက်တောမြို့နယ်က အိမ်တလုံးပုံ
Photo: ICRC

ရခိုင်ပြည်နယ် ပေါက်တောမြို့အနီးက ကျေးရွာ ၂၄ ရွာမှာ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံနိုင်တဲ့ အိမ်တွေကို ကူညီတည်ဆောက်ပေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး ICRC က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပေါက်တောမြို့နယ် ပြိုင်းတောင်နဲ့ ဆင်တက်မှော်ရွာတွေဟာ မနှစ်က ဆိုက်ကလုန်း မိုရာတိုက်ခိုက်ခဲ့အပြီး နေအိမ်အတော်များများပျက်စီးခဲ့တဲ့ ကျေးရွာတွေဖြစ်ပြီး ဒီကျေးရွာတွေက အိမ်ပေါင်း ၃၅၅ လုံးကို ဆိုက်ကလုန်း မုန်တိုင်းဒဏ်ခံနိုင်အောင်၊ မနှစ်ကလိုအဖြစ်မျိုး မကြုံရအောင် ICRC က ကူညီပေးနေတာလို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအိမ်တွေဟာ ပိုပြီး ကြံ့ခိုင်အောင် တည်ဆောက်နေကြောင်း၊ ဒီလက်သမားအလုပ်အတွက် ဒေသခံတွေကို လက်သမားပညာသင်ပေးပြီး အခပေး ခိုင်းစေတာဖြစ်ကြောင်း၊ ICRC ရဲ့ ဒီစီမံကိန်းကြောင့် ဒေသခံ ၂ဝဝဝ နီးပါး အကျိုးခံရမှာဖြစ်ကြောင်းလည်း ဒီနေ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့