အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံ လာမည်

2018-06-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ကို တွေ့ရစဉ်
Photo: Peter Maurer - twitter

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Peter Maurer ဟာ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ခရီးရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ICRC အကြီးအကဲဟာ ရခိုင်ပြည်နယ်က ICRC ရဲ့ လုပ်ငန်းတွေကို လာရောက်ကြည့်ရှု မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေအနေနဲ့ အခုလို မိုးရာသီကျရောက်နေချိန် ဒုက္ခခံစားနေရသူတွေ သက်သာအောင် အတတ်နိုင်ဆုံးကြိုးစားနေကြရကြောင်း၊ ဒါပေမဲ့ ၁ဝ လကြာတဲ့အထိ ကြိုးစားပြင်ဆင်မှုတွေ ရှိပေမယ့် ဒုက္ခသည်တွေဟာ ဘေးဒဏ်တွေကို ဆက်ပြီးခံစားနေရဆဲဖြစ်ကြောင်း၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ရှိနေသလို လူသားချင်းစာနာမှု လုပ်ဆောင်နေသူတွေ၊ ဖွံ့ဖြိုးရေးလုပ်ဆောင်နေသူတွေနဲ့ အာဏာပိုင်တွေဖက်က တိုးတက်မှုတွေလည်း လိုနေကြောင်း ICRC အကြီးအကဲက ပြောပါတယ်။

မစ္စတာ ပီတာမော်ရာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး၊ ဇွန်လ ၃ဝ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒါ့အပြင် Cox’s Bazar ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်စခန်းတွေနဲ့ ICRC ရဲ့ လုပ်ငန်းခွင်တွေကို လေ့လာမယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့