ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင့်သင့်မဖြစ်သေးလို့ ICRC အကြီးအကဲပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့် မဖြစ်သေးသလို၊ လုံခြုံတဲ့ အနေအထားမှာလည်း မရှိသေးဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ Peter Maurer က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို လာရောက်ခဲ့တဲ့ ICRC ဥက္ကဌ Peter Maurer ကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့် မဖြစ်သေးသလို၊ လုံခြုံတဲ့ အနေအထားမှာလည်း မရှိသေးဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ Peter Maurer က ပြောပါတယ်။

ပထမအသုတ်အဖြစ် ပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် နယ်စပ်အနီးမှာ ယာယီလက်ခံရေးဌာန နှစ်ခု ထူထောင်ထားပြီးဖြစ်ကြောင်း မြန်မာဘက်ကပြောပေမဲ့၊ အဲဒီနေရာတွေကို သွားရောက်ကြည့်ရှုခဲ့ရာ မှာ ပြန်လည်လက်ခံရေး စတင်နိုင်တဲ့အခြေအနေ မရှိသေးဘဲ၊ ဆောင်ရွက်စရာတွေ တပုံကြီးရှိနေသေးကြောင်း ကြက်ခြေနီအဖွဲ့ အကြီးအကဲ က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့စဉ်အတွင်း စွန့်ပစ်ထားတဲ့ရွာပျက်တွေနဲ့ ဖျက်ဆီးခံထားရတဲ့ အိမ်တွေ၊ ဈေးတွေကို တွေ့ခဲ့ရကြောင်း၊ ပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် သက်မွေးဝမ်းကြောင်းဖို့ အလုပ် အကိုင်တွေ၊ လူမှုအသိုင်းအ၀ိုင်းတွေ ပြန်လည်ဖန်တီးယူဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

အခုအထိ ပြန်လည်ဝင်ရောက်လာသူ နှစ်ရာ နီးပါးသာရှိနေသေးပြီး ကျန်တဲ့လူများစုကြီးကတော့ နိုင်ငံသားနဲ့ လုံခြုံရေး၊ အခွင့်အရေးကိစ္စတွေ အသေအချာ မရရှိမချင်း မပြန်လိုကြောင်း ပြောဆိုကြပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဒါကာမြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီး၊ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု မှာ ဖြစ်ပါတယ်။