တရားမဝင် လုံခြုံရေးအဖွဲ့ တစ်ဖွဲ့ တောင်ကြီးမြို့မှာ လှုပ်ရှား

2015-04-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကိုတွေ့ရစဉ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကိုတွေ့ရစဉ်။
Photo: wikipedia

တောင်ကြီးမြို့မှာ ယူနီဖေါင်းအင်္ကျီတွေဝတ်ဆင်ပြီး နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဖွဲ့ဆိုပြီး ရှိနေတာကြောင့် နိုင်ငံရေးပါတီတွေက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်တန်း ဖို့ ပြင်ဆင်နေပါတယ်။

ဒီအဖွဲ့ဟာ ဘယ်အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံဖြစ် တယ်ဆိုတာကို မသိရတာကြောင့် တရားမ၀င်အဖွဲ့ တစ်ဖွဲ့ အဖြစ် အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး တိုင်ကြားသွားမှာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောပါတယ်။

"ဒီအဖွဲ့အစည်းကို ဘယ်သူကတာဝန်ယူ၊ တာဝန်ခံ ဖွဲ့စည်းလဲ၊ ဒီအဖွဲ့အစည်းနဲ့ ပြဿနာ ဖြစ်ရင် ဘယ်သူက တာဝန်ယူဖြေရှင်းမလဲ၊ မြို့လူထုတွေကရော ဒီအဖွဲ့အစည်း ရဲ့သမိုင်းကြောင်းကိုသိတဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေဖြစ်လာတာပေါ့၊ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်တဲ့အခါမှာ လည်း ပြည်သူတွေမဲရွေးတဲ့အခါမှာ ဒီအဖွဲ့ အစည်းတွေရဲ့ခြိမ်းခြောက်ခံရမှာကို ပြည်သူလူထုက စိုးရိမ်လာတဲ့အတွက် နိုင်ငံရေးပါတီတွေရော ကန့်ကွက် လာမှုကို ကျနော်ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်"

တောင်ကြီးမြို့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲတွေနဲ့ သင်္ကြန်ကာလရက်တွေအပြင် ပွဲလမ်းသဘင်အခမ်းအနားတွေမှာ အဲဒီအဖွဲ့ ဟာ နံပါတ်တုတ်တွေကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးယူခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။

ဒီအဖွဲ့နဲ့ ပတ်သက်ပြီး တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ကို ဒေသခံတွေက စုံစမ်းမေးမြန်းရာမှာ အဲဒီအဖွဲ့ဟာ ရဲတပ်ဖွဲ့နဲ့ မသက် ဆိုင်ဘူးလို့ ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း တောင်ကြီးမြို့က မူလမင်းကွန်းကျောင်းတိုက်မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ )ရဲ့ ကြီးကြပ်မှုနဲ့ အဲဒီ့အဖွဲ့ ပေါ်ပေါက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မဘသအဖွဲ့ရဲ့ စည်းကမ်းနဲ့ မကိုက်ညီ မှုကြောင့် ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီ့အဖွဲ့ကိုကန့်ကွက်တဲ့ ဒေသခံတွေရဲ့လက်မှတ် တစ်ထောင်ကျော် ရရှိထားပြီး လာမယ့်သီတင်းပတ် အတွင်း အစိုးရကို တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင် မောင်တိုးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

တောင်ကြီးမှာတရားဝင်တာရောမဝင်တာရောလည်သလိုလုပ်စားနေကြတာ

Apr 26, 2015 10:36 PM

Myo Chit Myanmar

နေရပ်- Myanmar

ရဲ တပ်ဖွဲ့ ဟာ သူတို့ နဲ့  အတူတူ လုံခြုံရေး ယူနေပြီး သူတို့ မသိဘူး သူတို့ နဲ့  မဆိုင်ဘူး လို့ ပြောတာဟာ တာဝန်မဲ့ ၇ာ ၀တ္တရားပျက်ကွက် ရာရောက်နေတယ်။ တကယ်တန်း ဆိုရင် တရားမ၀င် လူစုလူဝေးနဲ့  လက်နက် ကိုင်တဲ့ သူတွေ ကို သူတို့ ကိုယ်တိုင်က အရေးယူရမှာ။ တရားဥပဒေ စိုးမိုးရေး အဖွဲ့  ဆိုပြီး အဲဒီလူတွေ ကိုယ်တိုင် ဥပဒေ ကို ချိုးဖေါက်နေတာ။ အဲဒီလို ဆက်ဖြစ်နေတာ ဗိုသိန်းစိန် မှာ တာဝန်ရှိတယ်။ သူလစ်လျူရှုနေလို့  ဒီလိုဖြစ်နေတာ။

Apr 26, 2015 08:56 PM

zaw

This team is under control of HITLER.

Apr 26, 2015 08:51 PM

Thant Sin

နေရပ်- Myanmar

ဟားဟား သမတ လူကြမ်းအဖွဲ့  ပဲပေါ့။ နိုင်ငံရေးပါတီတွေ ဘာသာရေး အသုံးမချရ ပြောပြီး မဟန မဘသ မွေးပြီး ဘာသာရေး အသုံးချတာလဲ သူတို့ ပဲ။ ရဟန်းသင်္ဃာတွေ နိုင်ငံေ၇း ကင်းရှင်းရမယ် ပြောပြီး မဘသ ဘာလုပ်လုပ် လက်ခံနေတာလဲ သူတို့ ပဲ။

Apr 26, 2015 07:43 PM

ဆိုက်တခုလုံးသို့