မြန်မာနိုင်ငံအပေါ် တားဆီးချက်တွေ ILO ရုတ်သိမ်း

2013-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ်မပြည့်သေးသော မောင် ဆန်းဦးအား ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ်မပြည့်သေးသော မောင် ဆန်းဦးအား ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
Photo: AFP

မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီး ကန့်သတ်ချက်တွေအားလုံးကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မနေ့က  ပြန်လည် ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာအလုပ်သမားညီလာခံမှာ တက်ရောက်လာသူ ကိုယ်စားလှယ်တွေက မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂ဝဝဝ ပြည့်နှစ် ညီလာခံမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့အချက်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အလုပ်သမားညီလာခံဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက မြန်မာအပေါ်ကန့်သတ်ချက်တချို့ကို ဆိုင်းငံ့ခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့ကကျင်းပခဲ့တဲ့ ညီလာခံမှာတော့ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားယူခိုင်းစေမှုနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲ ပုံမှန်ပြုလုပ်ရေးအပါအဝင် ကျန်ရှိနေတဲ့ အရေးယူဆောင်ရွက်ရေးအားလုံးကို ရုတ်သိမ်းဖို့အတည်ပြု ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ  ILO က အရေးယူခဲ့တာဖြစ်ပြီး၊ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်လာတဲ့  ဆောင်ရွက်ချက်တွေကြောင့် ကျန်ရှိနေတဲ့ ကန့်သတ်ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အခုလို တားဆီးကန့်သတ် အရေးယူထားတာတွေအားလုံး ရုတ်သိမ်းလိုက်တာကြောင့် ILO နဲ့ မြန်မာနိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိသွားပြီဖြစ်ပြီး။ မြန်မာနိုင်ငံမှာ အဓ္ဓမလုပ်အားယူခိုင်းစေမှု လုံးဝပပျောက်သွားရေးအတွက် နိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာ အလုပ်သမားညီလာခံက တိုက်တွန်းလိုက်ပါတယ်။

ကွန်မင့်များ (1)
Share

Phoe Kwar

Dear Readers,
Engagement Policy works well. All the international organizations follow the U.S. path. It is called Geopolitics. While the workers' organizations are just nascent in Burma, the company owners like Tayza has become stronger and stronger, thanks to the Western countries. The winner takes it all. The loser standing small. All the workers in Burma will have to wait another tide of Spring Revolution which will happen in South East Asia next decade. South East Asia is a time bomb. ILO!!! Protect the workers' Rights, not the interest of the factory owners!!!!

Jun 21, 2013 12:55 PM

ဆိုက်တခုလုံးသို့