နိုင်ငံခြားငွေ လဲလှယ်နှုံး ပြင်ဆင်ရေး IMF သွားရောက် ကူညီမည်
2011.08.31
၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာကျပ်ငွေ တစ်ထောင်တန်ကို စတင် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။
RFA
မြန်မာ အာဏာပိုင်များရဲ့ မေတ္တာရပ်ခံချက်ကို ရရှိတာကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြင်ဆင်ရေးနဲ့ ငွေပေးငွေယူနဲ့ ငွေအလွှဲအပြောင်းကိစ္စတွေမှာ ကန့်သတ်မှု လျှော့ချရေး တို့မှာ ကူညီဖို့ လာမဲ့ အောက်တိုဘာလလယ်မှာ သွားရောက်မှာဖြစ်တယ်လို့လည်း
ပြောဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် ပြောဆိုဖို့ကိုတော့ IMF ပြောရေးဆိုခွင့်ရှိသူက ငြင်းဆန်ပါတယ်။
၂၀၀၈ ခုနှစ်က IMF စီးပွါးရေး ပညာရှင် နှစ်ဦး ပြုစုတဲ့ စစ်တမ်း တစ်စောင်မှာတော့ မြန်မာနိုင်ငံရဲ့ နည်းလမ်းမဟုတ်တဲ့ ငွေလဲလှယ်နှုန်းကြောင့် ဆုံးရှုံးရတဲ့ ပမာဏ ဟာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ တိုင်းပြည် စီးပွါးရေး ပမာဏ ရဲ့ ၁၄% ကနေ ၁၇% ထိရှိတယ်လို့ဖေါ်ပြပါရှိပါတယ်။









