မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
2012-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 မင်္ဂလာဒုံလေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည့်အကြောင်း လဝက ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက သတင်းထောက်များအား ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်တွင် ရှင်းလင်းပြောကြားနေစဉ်။
မင်္ဂလာဒုံလေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည့်အကြောင်း လဝက ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက သတင်းထောက်များအား ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်တွင် ရှင်းလင်းပြောကြားနေစဉ်။
RFA

ဒီကိစ္စနဲ့ ပတ်သက်ပြီ့း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဆက်သွယ်မေးကြည့်ရာမှာ -

" Business visa နဲ့ဆိုရင် ကျွန်တော်တို့က အခုပေးတဲ့ ဥစ္စာက အာဆီယံ ၁၀ နိုင်ငံနဲ့ပေါင်းလို့ရှိရင် စုစုပေါင်း နှစ်ဆယ့်ခြောက်လေ။ အဲတာကို ကျွန်တော်တို့က ဆိုက်ရောက်ဗီဇာ ရန်ကုန်လေဆိပ်မှာ ပေးမယ်။ ဒီ Business visa တစ်ခုပဲပေးမယ်။ ကျန်တဲ့ ဗီဇာတွေ သူတို့မနိုင်သေးဘူးလေ၊ ဖြေးဖြေးချင်း ဖြစ်လာမယ်"

အခုအစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဆိုက်ရောက်ဗီဇာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဗီဇာကြေးက အမေရိကန် ဒေါ်လာ ၅၀ ဖြစ်ပြီး ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အလားတူ ဆိုက်ရောက်ဗီဇာကိစ္စ စီစဉ်ခဲ့ပေမယ့် အဲဒီနှစ် ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဖျက်သိမ်းခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

ရာဇာ

နေရပ်- မော်လမြိုင်

ဆိုက်ရောက်ပီဇာ တော့ ဟုတ်ပီး
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံငားတေါ ပြန်တောင်မှ ပိုက်ဆံ ၁၀ ၂၀ လောက်ထည့် တဲ့ အဲဒါက ဘာအတွက်လဲ လူုကီးမင်းတို့ုကည့်ပီးပေးလိုက်နော်..........

May 31, 2012 10:47 AM

ဆိုက်တခုလုံးသို့