နယ်စပ်မှာ စစ်တပ်တိုးချဖို့ ၀န်ကြီးချုပ်ကို တိုက်တွန်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ ထူပြောလာတဲ့အတွက်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်မှာ စစ်တပ်တွေ တိုးချဖို့ မီဇိုရမ် ၀န်ကြီးချုပ်က အိန္ဒိယ၀န်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
2012-05-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ မြန်မာနယ်စပ်အနီး လှုပ်ရှားနေသော သူပုန်စခန်းတခုမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို အိန္ဒိယစစ်တပ်က ပြသထားသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ မြန်မာနယ်စပ်အနီး လှုပ်ရှားနေသော သူပုန်စခန်းတခုမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို အိန္ဒိယစစ်တပ်က ပြသထားသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး ၀န်ကြီးချုပ်အနေနဲ့  မြန်မာပြည်ကို မသွားခင်
အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေ လေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာတဲ့အချိန်မှာ မီဇိုရမ် ၀န်ကြီးချုပ်
ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး   မီဇိုရမ်ကုန်သွယ်ရေး ၀န်ကြီး ပူးလာလ်ရင့်လျန်နာကို မေးကြည့်တော့ အဓိက ကတော့ အိန္ဒိယအရှေ့မြောက်ဒေသမှာ သူပုန်အမျိုးမျိုး ရှိနေတာကြောင့် နယ်စပ်မှာ တပ်တွေတိုးချဖို့
ပြောဆိုတာ ဖြစ်နိုင်ပါတယ် လို့ ပြောပါတယ်။

အိန္ဒိယ နဲ့ မြန်မာ အစိုးရတို့ရဲ့ သဘောတူညီချက်အရ နှစ်နိုင်ငံသားတွေဟာ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း  အပြန်အလှန် ၀င်ထွက်သွားလာခွင့် ပြုထားတာဖြစ်ပြီး
အခုလို အလွယ်တကူ သွားလာခွင့်ပြုတာကြောင့် လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ များလာတာ ဖြစ်တယ်လို့လည်း ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ထန်ဟောလ်က ပြောပါတယ်။

မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တလျှောက်ဟာ ကီလိုမီတာ ၄၀၀ ကျော် ရှည်လျားပြီး မြန်မာဘက်ကနေ ၀င်လာတဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို မီဇိုရမ်အာဏာပိုင်တွေက မကြာခဏ ဖမ်းလေ့ရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့