အိန္ဒိယ လာဘ်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်

အိန္ဒိယနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်နာ ဟဇာရီ ဆိုတဲ့ အသက် (၇၄) နှစ်အရွယ် လူမှုပြုပြင်ရေးသမားကြီး တစ်ယောက်က သူရဲ့တိုက်ပွဲကို ထောက်ခံ အားပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း သူ့ရဲ့ အင်တာနက် ဘလော့ စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

2011-09-29
Share

နိုင်ငံအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြီးမြတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် မိမိရဲ့လုပ်ဖေါ်ကိုင်ဘက်တွေ ကိုယ်စား မိမိအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောဆိုချင်ပါတယ်လို့ အင်နာ ဟဇာရီ က ရေးသားထားပါတယ်။

ဟဇာရီဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံဆန္ဒပြခဲ့ရာမှာ အိန္ဒိယ တပြည်လုံးက ပြည်သူတွေ တခဲနက် ထောက်ခံ အားပေးခဲ့ကြပြီး မြို့ကြီးပေါင်း ( ၄၅၀) ကျော်မှာ ဆန္ဒပြပွဲတွေ ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။

အိန္ဒိယ အစိုးရက အင်နာ ဟဇာရီ နဲ့ စေ့စပ် ညှိနှိုင်းပြီး ဟဇာရီ ရဲ့တောင်းဆိုချက်တွေကို လိုက်လျောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့