မြန်မာနိုင်ငံကို လက်နက်မရောင်းကြောင်း အိန္ဒိယအရာရှိပြောကြား

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် မည်သည့်နိုင်ငံခြား တိုင်းပြည်ကိုမှ လက်နက် တစုံတ ရာ ရောင်းချခဲ့ခြင်းမရှိပါဖူးလို့ အိန္ဒိယ စစ်တပ်ထိပ်တန်း အရာရှိတဦးက ပြောကြား လိုက်ကြောင်း ဒီကနေ့ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထုတ် The Times of India သတင်းစာမှာ ဖော်ပြထားပါ တယ်။
2012-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှေ့တန်းစခန်းတစ်ခုတွင် တပ်စွဲထားသော အစိုးရစစ်သားများ ကို တွေ့ရစဉ်
ရှေ့တန်းစခန်းတစ်ခုတွင် တပ်စွဲထားသော အစိုးရစစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ကချင်ပြည်နယ်မှာ မြန်မာတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 တင့်ကားဖျက်ရိုင်ဖယ်တစ်လက်အပေါ်က နံပါတ်ကို ဆွီဒင်အစိုးရက စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့တဲ့ လက်နက်ဖြစ်နေကြောင်း သိရှိခဲ့ရပြီးနောက် ဆွီဒင်အစိုးရက  အိန္ဒိယအစိုးရကို ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး  Salman Khurshid  က  မိမိတို့ လက်နက် အရောင်းအဝယ်မလုပ်ကြောင်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း မနေ့က ရန်ကုန်မြို့မှာ ပြောကြားပါတယ်။

ဥရောပနိုင်ငံများအဖွဲ့ အီးယူဟာ မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်ကစပြီး လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် အီးယူ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်တခု မြန်မာစစ်တပ် လက်ထဲ ရောက်ရှိတာကို တွေ့ရှိခဲ့ရာကနေ အခုလိုနောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

SAW L HTOO

နေရပ်- MOGOK

Your country effect for no destroyer india.
Where are use democracy.

Dec 19, 2012 03:57 AM

ဖေါ်ကောင်

နေရပ်- စစ်ပြန်ကြီး၎င်းလက်နက်ကိုင်ခဲ့သူ

မြန်မာ့တပ်မတော်တွင်(၈၄)လက်နက်မြောက်များစွာရှိကြောင်းနှင့်၎င်းလက်နက်များအားလုံးဆွီဒင်လုပ်များဖြစ်ပြီးမဲသဟော၊မော်ဖေါကေ
တိုက်ပွဲများတွင်အသုံးပြုခဲ့ကြောင်းလက်ရှိသမ္မတကြီးကိုမေးပါဟုတ်/မဟုတ်

Dec 18, 2012 06:37 AM

စောလှကြီး

နေရပ်- ရန်ကုန်

စစ်ရေးကဏ္ဍထက် အခြားပညာရေးဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ၊ သဘာဝပတ်ဝန်ျးက် ထိန်းသိမ်းရေးများတွင် အကုန်ကျခံသင့်ပါသည်။

Dec 17, 2012 11:58 PM

LU LAY

i completely agree with the comment above,, they may not sell but they will weapon present,, with a lot of strings attached,,,

Dec 16, 2012 10:00 PM

အမည်မဖော်လိုသူ

It was given by United Liberation Front of Assam to their allied KIO and this funny story came out as a result.

Dec 16, 2012 05:59 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့