အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ

အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။

2012.05.26
india-police-force-against-protest-b305 အိန္ဒိယနိုင်ငံ တလန်ဂါနာပြည်နယ် အိုစ်မန်နီယာ တက္ကသိုလ်ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဆန္ဒပြမှုကို လုံထိန်းရဲများ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် ဖြိုခွဲနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
AFP

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး  မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မြန်မာအစိုးရတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ ကိစ္စဟာ မနက်ဖြန်သွားရောက်မဲ့ သူတို့ရဲ့ ဝန်ကြီးချုပ် ခရီးစဉ်နဲ့ မသက်ဆိုင်ဘူးလို့ အိန္ဒိယအတွင်းဝန်က ပြောပါတယ်။

"ကျွန်တော်တို့ အိန္ဒိယကနေ မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်ဖက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆက်လက်ပြီး ပေးနေတာဟာ (၂) နိုင်ငံ စစ်ရေး ပူးပေါင်းမှုနဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ်။ ဒါအပြင် မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ဆက်လက်ပြီး ထောက်ပံ့  ပေးနေတာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အဲဒီလို လက်နက်တွေ ထောက်ပံ့ပေး နေတယ်ဆိုတာ ဟုတ်ပါတယ်" လို့ သူကပြောသွားပါတယ်။>သံဃာတော်တွေ ဦးဆောင်တဲ့ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းပြီးနောက် မြန်မာအစိုးရကို လက်နက်ရောင်းချ ထောက်ပံ့တာ မပြုလုပ်တော့ဘူးလို့ အိန္ဒိယအစိုးရက ကြေညာခဲ့ဖူးပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်ရဲ့ အဲဒီလို မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်း အပါအဝင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ဆက်ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။