ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2011-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၁ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံတဲ့ မှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။
၂၀၁၁ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံတဲ့ မှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။
NLD

မြန်မာနိုင်ငံကို ရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တနာရီနီးပါးတွေ့ဆုံခဲ့ ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဆီဒိုနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ ပုံတွေကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထောက်တဦးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ လာမယ့် ၄ နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၀၀ကျော်ဖိုး ကုန်သွယ်မှာဖြစ် သလို အခုလာမယ့် ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံက သစ်တော၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖွံဖြိုးဖို့အတွက်လည်း ပညာရပ်ဆိုင်ရာ သင်တန်းတွေ စီစဉ်ပေးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုသွားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့