အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နှင်းမှု တွင် စစ်သွေးကြွ ၄ ဦးဖမ်းမိခဲ့


2013.05.11

အင်ဒိုနီးရှားမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တန်ပြန်အကြမ်းဖက်လှုပ်ရှားမှု စစ်ဆင်ရေးဆောင်ရွက်နေရာမှာ စစ်သွေးကြွ အကြမ်းဖက်လုပ်ငန်းတွေ ရန်ပုံငွေအတွက် ဘဏ်တွေကို ဓားပြတိုက်ခဲ့သူတွေလို့ ယူဆရသူ ၄ ယောက်ကို ရဲကမနေ့ကဖမ်းမိခဲ့ပါတယ်။

သုံးရက်မြောက် စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၇ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက်ဖမ်းမိခဲ့ပါတယ်။ သူတို့ထဲကတချို့ဟာ ဂျာကာတာမြို့၊ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရေး ကြံစည်မှုမှာ ပါဝင်ခဲ့ကြသူတွေလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က  ယူဆပါတယ်။

နောက်ဆုံးဖမ်းမိတဲ့ ၄ ယောက်ဟာ စုမားတြားကျွန်း၊ လမ်ပန်ပြည်နယ်အတွင်းမှာ ဘဏ်တွေကို ဓားပြတိုက်ပြီး အမေရိကန်ဒေါ်လာ ၅ သိန်းဖိုးလောက်ရှိတဲ့အင်ဒိုနီးရှား ရူပီးငွေ သန်း ၄၆၀ ယူဆောင်သွားခဲ့ကြပါတယ်။ ဒီငွေတွေဟာ ဆူလာဝပ်ဆီကျွန်း၊ ပိုဆိုရွာအနီး တောအုပ်တွေထဲက အကြမ်းဖက်သင်တန်းတွေမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ရဲကပြောပါတယ်။ ဖမ်းမိသူတွေကို မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရေး ကြံစည်မှုနဲ့ ပတ်သက်မှုရှိမရှိ စစ်ဆေးနေတယ်လို့လည်း ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။