အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်

အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

2012.08.27

တရားခံဟာ ကျန်းမာရေးကြောင့် အင်းစိန်ထောင်အနီး မှုခင်းစုံစမ်း စစ်ဆေးရေးဌာန (CID) နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အင်းစိန်ဆေးရုံ ဖျားနာဆောင်မှာ ရဲအစောင့်အရှောက်နဲ့ တက်ရောက်ပြီး ဆေးကုသနေစဉ်မှာ ကုတင်နဲ့ ခြေချင်းကို တွဲခတ်ထားတဲ့ သော့ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့တာပါ။

ဒီတရားခံ ထွက်ပြေးသွားတာ တစ်ရက်ကျော် ရှိသွားပြီ ဖြစ်ပေမယ့်လည်း အခုအချိန်ထိ ပြန်လည်ဖမ်းမိခြင်း မရှိသေးကြောင်း အင်းစိန်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတစ်ဦးကလည်း RFA ကို အတည်ပြု ပြောပါတယ်။

ဒီအကျဉ်းသားဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ တရားရုံးကနေ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသူ တစ်ဦးဖြစ်ပြီး ဒီအကျဉ်းသား လွတ်မြောက်သွားမှုကြောင့် ရဲအရာရှိ တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိန်းသိမ်းခံထားရတယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။