စစ်သံမှူးတွေ ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေနဲ့ တေ့ွဆုံ


2018.03.19
international-military-attache-maungtaw-trip-622.jpg နိုင်ငံပေါင်း ၁၀ ခုကျော်က စစ်သံမှူး ၂၀၊ မောင်တောဒေသကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က သွားရောက်လေ့လာစဉ်
Photo: RFA

အမေရိကန်၊ ယူကေ၊ ကိုးရီးယား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံပေါင်း ၁၀ ခုကျော်က စစ်သံမှူး ၂၀ လောက်ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

မွတ်စလင် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေနဲ့ နိုင်ငံတကာ စစ်သံမှူးတွေ တွေ့ဆုံခဲ့တယ်လို့ ဟိန္ဒူ လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ဦးနီမော် က ပြောပါတယ်။

"ဖြစ်စဉ်ဘယ်လိုလဲ မေးကြည့်တဲ့အခါတော့ ကောင်မလေးတွေလည်း သူတို့ဖြစ်စဉ်တွေကို ပြောပြတယ်၊ သူတို့ဘက်က တောင်းဆိုတာတစ်ခုကတော့ ဒီလောက်လူတွေသေသွားတယ်၊ သေသွားတဲ့နောက်ပိုင်း ဒီလူတွေအကြောင်း ဘာမှမဖော်ဘူး၊ မွတ်စလင်တွေ သေသွားတာတော့ဖော်တယ်၊ ကျနော်တို့ လူတွေသေသွားတာတော့ ဘာလို့မဖော်သလဲ"

အကြမ်းဖက်သမားတွေကြောင့် ဟိန္ဒူဘာသာဝင်တွေ ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလေးထား မေးမြန်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဟိန္ဒူဘာသာဝင်တွေအနေနဲ့ မူလနေရာတွေဆီမှာ မွတ်စလင်တွေနဲ့ အတူတကွပြန်လည် နေထိုင်နိုင်မလား လို့ မေးမြန်းခဲ့ကြရမှာ မွတ်စလင်တွေအပေါ် ယုံကြည်မှုမရှိကြတော့တာကြောင့် အတူတကွပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း စစ်သံမှူးတွေကို တင်ပြခဲ့ကြတယ်လို့လည်း ဦးနီမော်ကပြောပါတယ်။

နိုင်ငံတကာ စစ်သံမှူးတွေဟာ ဒီနေ့မနက်က စစ်တွေလေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မောင်တောမြို့နယ်က ပြန်လည်လက်ခံရေးစခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲမြို့နဲ့ ငခူရကို သွားရောက်ခဲ့သလို မွတ်စလင်တွေကို ယာယီထားရှိမယ့် လှဖိုးခေါင်ကြားခံစခန်းကိုပါ သွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။

မောင်တောမြို့ပေါ်မှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေအပြင် မောင်တောရပ်မိရပ်ဖတွေ၊ ရွှေစားကျေးရွာက မွတ်စလင်တွေနဲ့ ပါ တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။